ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္း ပါကစၥတန္တပ္မေတာ္၊ ပူးတြဲစစ္ဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ Lieutenant General Azhar Abbas, HI(M) အား လက္ခံေတြ႕ဆံု

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္း ပါကစၥတန္တပ္မေတာ္၊ ပူးတြဲစစ္ဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ Lieutenant  General  Azhar Abbas, HI(M) အား လက္ခံေတြ႕ဆံု

ေနျပည္ေတာ္၊ စက္တင္ဘာ - ၁၁

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းသည္ ျမန္မာ- ပါကစၥတန္ အဆင့္ျမင့္ အရာရွိႀကီးမ်ားအစည္းအေဝး တက္ေရာက္ရန္ ေရာက္ရွိ ေနသည့္ ပါကစၥတန္တပ္မေတာ္၊ ပူးတြဲစစ္ဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ Lieutenant  General  Azhar Abbas, HI(M) ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား ယေန႔ ညေနပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ၌  လက္ခံေတြ႕ဆံုသည္။

ေတြ႕ဆံုေဆြးေႏြးပြဲသို႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ႏွင့္ အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ပါကစၥတန္ တပ္မေတာ္၊ ပူးတြဲစစ္ဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ႏွင့္အတူ ပါကစၥတန္တပ္မေတာ္မွ အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆံုရာတြင္ ျမန္မာ-ပါကစၥတန္အဆင့္ျမင့္အရာရွိႀကီးမ်ားအစည္းအေဝး ေအာင္ျမင္စြာက်င္းပ ျပဳလုပ္ႏိုင္ခဲ့ၿပီး အစည္းအေဝးတြင္ ျမန္မာ့တပ္မေတာ္၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား အေကာင္ အထည္ေဖာ္ ေဆာင္ရြက္ေနမႈမ်ားအေပၚေဆြးေႏြးခဲ့မႈ အေျခအေနမ်ားႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈ တိုးျမႇင့္ေဆာင္ရြက္ေရး၊ ကာကြယ္ေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးဆိုင္ရာ ကိစၥရပ္မ်ားအား အျပန္အလွန္ ေဆြးေႏြးၾကသည္။

ေတြ႕ဆံုပြဲအၿပီးတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ ပါကစၥတန္တပ္မေတာ္၊ ပူးတြဲစစ္ဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ တို႔သည္ အမွတ္တရလက္ေဆာင္ ပစၥည္းမ်ားအျပန္အလွန္ေပးအပ္ၿပီး အဖြဲ႕ဝင္မ်ားႏွင့္အတူ အမွတ္တရ စုေပါင္းဓာတ္ပံု႐ိုက္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ပါကစ္စတန်တပ်မတော်၊ ပူးတွဲစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Lieutenant  General  Azhar Abbas, HI(M) အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ - ၁၁

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မြန်မာ- ပါကစ္စတန် အဆင့်မြင့် အရာရှိကြီးများအစည်းအဝေး တက်ရောက်ရန် ရောက်ရှိ နေသည့် ပါကစ္စတန်တပ်မတော်၊ ပူးတွဲစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Lieutenant  General  Azhar Abbas, HI(M) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌  လက်ခံတွေ့ဆုံသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ပါကစ္စတန် တပ်မတော်၊ ပူးတွဲစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ပါကစ္စတန်တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ပါကစ္စတန်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ခဲ့ပြီး အစည်းအဝေးတွင် မြန်မာ့တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင် အထည်ဖော် ဆောင်ရွက်နေမှုများအပေါ်ဆွေးနွေးခဲ့မှု အခြေအနေများနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ပါကစ္စတန်တပ်မတော်၊ ပူးတွဲစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများအပြန်အလှန်ပေးအပ်ပြီး အဖွဲ့ဝင်များနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News