အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးဒိုင္းေသနတ္ပစ္ၿပိဳင္ပြဲ ဖြင့္ပြဲျပဳလုပ္

အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးဒိုင္းေသနတ္ပစ္ၿပိဳင္ပြဲ ဖြင့္ပြဲျပဳလုပ္

ေနျပည္ေတာ္  စက္တင္ဘာ  ၁၁

အေနာက္ေျမာက္တုိင္းစစ္ဌာနခ်ဳပ္၊ ၂ဝ၁၉ ခုႏွစ္၊ (၂၆)ႀကိမ္ေျမာက္ တုိင္းမွဴး ဒိုင္းေသနတ္ပစ္ၿပိဳင္ပြဲ ဖြင့္ပြဲကို ယေန႔နံနက္ပိုင္းတြင္ ကေလးၿမိဳ႕၊ နယ္ေျမခံတပ္မေတာ္တန္းျမင့္ေလ့က်င့္ေရးေက်ာင္း စက္ပစ္ကြင္း၌ ျပဳလုပ္ရာ တုိင္းမွဴး ဗိုလ္ခ်ဳပ္စိုးတင့္ႏုိင္ႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ၿပိဳင္ပြဲဝင္အသင္းမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးက အဖြင့္အမွာစကား ေျပာၾကားၿပီး မုိးပ်ံပူေဖာင္းအား ပစၥတိုျဖင့္ ပစ္ခတ္၍ ၿပိဳင္ပြဲကို ဖြင့္လွစ္ေပးသည္။ ထုိ႔ေနာက္ တက္ေရာက္လာၾကသူမ်ားႏွင့္အတူ အဖြင့္ပြဲစဥ္အျဖစ္ အမ်ဳိးသား/အမ်ဳိးသမီး ပစၥတိုထိလဲပစ္ခတ္စဥ္ သ႐ုပ္ျပပစ္ခတ္ေန မႈမ်ားကို ၾကည့္႐ႈအားေပးၿပီး ဂုဏ္ျပဳဆုမ်ား ေပးအပ္သည္။

အဆုိပါေသနတ္ပစ္ၿပိဳင္ပြဲကို ၿပိဳင္ပြဲဝင္အမ်ဳိးသားအသင္း ၁ဝ သင္း၊ အမ်ဳိးသမီး အသင္း ၁ဝ သင္းတုိ႔ျဖင့္ စက္တင္ဘာ ၁၃ ရက္အထိ ျပဳလုပ္သြားမည္ျဖစ္သည္။

ထုိ႔ေနာက္ တုိင္းမွဴးႏွင့္အဖြဲ႕ဝင္မ်ားသည္ စစ္ကိုင္းတုိင္းေဒသႀကီး၊ ကေလးၿမိဳ႕၊ ကန္ သာယာေထရဝါဒ ဗုဒၶသာသနာျပဳဘုန္းေတာ္ ႀကီးသင္အလယ္တန္းေက်ာင္းသို႔ သြားေရာက္၍ ေက်ာင္းထုိင္ဆရာေတာ္ အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၲဇဝနအား ဖူးေျမာ္ကာ ဆြမ္းဆန္ေတာ္၊ ဆီ၊ အလွဴေငြႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၿပီး ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ စာေရးကိရိယာမ်ား  ေပးအပ္လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။ 

(Unicode Version)

အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်းသေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်  စက်တင်ဘာ  ၁၁

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ၂ဝ၁၉ ခုနှစ်၊ (၂၆)ကြိမ်မြောက် တိုင်းမှူး ဒိုင်းသေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကလေးမြို့၊ နယ်မြေခံတပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း စက်ပစ်ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်နိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး မိုးပျံပူဖောင်းအား ပစ္စတိုဖြင့် ပစ်ခတ်၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ အဖွင့်ပွဲစဉ်အဖြစ် အမျိုးသား/အမျိုးသမီး ပစ္စတိုထိလဲပစ်ခတ်စဉ် သရုပ်ပြပစ်ခတ်နေ မှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုများ ပေးအပ်သည်။

အဆိုပါသေနတ်ပစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁ဝ သင်း၊ အမျိုးသမီး အသင်း ၁ဝ သင်းတို့ဖြင့် စက်တင်ဘာ ၁၃ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ကန် သာယာထေရဝါဒ ဗုဒ္ဓသာသနာပြုဘုန်းတော် ကြီးသင်အလယ်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇဝနအား ဖူးမြော်ကာ ဆွမ်းဆန်တော်၊ ဆီ၊ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာများ  ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ 

Recent News