ရပ္ေစာက္ၿမိဳ႔နယ္၊ ေဟြးေက်းရြာ၌ က်န္းမာေရး ေစာင့္ရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္

ရပ္ေစာက္ၿမိဳ႔နယ္၊ ေဟြးေက်းရြာ၌ က်န္းမာေရး ေစာင့္ရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  စက္တင္ဘာ  ၁၁

ရွမ္းျပည္နယ္(ေတာင္ပုိင္း)၊ ရပ္ေစာက္ၿမိဳ႕နယ္၊ ေဟြးေက်းရြာႏွင့္ ပတ္ဝန္းက်င္ ေက်းရြာမ်ားရွိ ေဒသခံ တုိင္းရင္းသားျပည္သူမ်ားအား ယေန႔နံနက္ပုိင္းတြင္ အေရွ႕ပုိင္း တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရး အဖြဲ႕က ေက်းရြာဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က  ေဒသခံတုိင္းရင္းသားျပည္သူ ၁ဝ၂ ဦးကို  ခြဲစိတ္ကုသမႈဆုိင္ရာေရာဂါ၊ အ႐ုိးေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ ကေလးေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရးစစ္ေဆးကုသျခင္း မ်ားေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ကုသရန္လုိအပ္သူ ငါးဦးကုိ ဗထူးၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ရပ်စောက်မြို့နယ်၊ ဟွေးကျေးရွာ၌ ကျန်းမာရေး စောင့်ရှာက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  စက်တင်ဘာ  ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဟွေးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံ တိုင်းရင်းသားပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က  ဒေသခံတိုင်းရင်းသားပြည်သူ ၁ဝ၂ ဦးကို  ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသခြင်း များဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သူ ငါးဦးကို ဗထူးမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News