ခႏၱီးၿမိဳ႕၊ ဇီးျဖဴကုန္းရပ္ကြက္ အေျခခံပညာအလယ္တန္း ေက်ာင္း၌ က်န္းမာေရးစစ္ေဆးကုသျခင္းမ်ား ေဆာင္ရြက္

ခႏၱီးၿမိဳ႕၊ ဇီးျဖဴကုန္းရပ္ကြက္ အေျခခံပညာအလယ္တန္း ေက်ာင္း၌ က်န္းမာေရးစစ္ေဆးကုသျခင္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္ စက္တင္ဘာ ၁၁

စစ္ကိုင္းတိုင္းေဒသႀကီး၊ ခႏၲီးၿမိဳ႕၊ ဇီးျဖဴကုန္းရပ္ကြက္၊ အေျခခံပညာအလယ္တန္းေက်ာင္းရွိ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္း သား၊ ေက်ာင္းသူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေနာက္ေျမာက္တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါေက်ာင္း၌ က်န္းမာေရးစစ္ေဆးကုသျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား တစ္ကိုယ္ေရသန္႔ရွင္းေရး စစ္ေဆးေပးျခင္း၊ ဆရာ၊ ဆရာမ ၁ဝ ဦးႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၃၃၈ ဦးတို႔ကို ECG စက္ျဖင့္ႏွလံုးစမ္းသပ္ေပးျခင္း၊ ႏွလံုးေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ အေရျပားေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ ကေလးေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ပတ္သက္၍ လိုအပ္သည့္က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း   သတင္းရရွိသည္။

(Unicode Version)

ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက် အခြေခံပညာအလယ်တန်း ကျောင်း၌ ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်း သား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေးစစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးပေးခြင်း၊ ဆရာ၊ ဆရာမ ၁ဝ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၃၃၈ ဦးတို့ကို ECG စက်ဖြင့်နှလုံးစမ်းသပ်ပေးခြင်း၊ နှလုံးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အရေပြားရောဂါ၊ အရိုး/အကြောရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း   သတင်းရရှိသည်။

Recent News