အာဆီယံ- အေမရိကန္ ပင္လယ္ေရေၾကာင္း ဆိုင္ရာ ေလ့က်င့္ခန္း ASEAN-US Maritime Exercise (AUMX) သို့တက္ ေရာက္ခဲ႕ေသာ တပ္မေတာ္(ေရ)မွ စစ္ေရယာဥ္ (က်န္စစ္သား) ျပန္လည္ေရာက္ရွိ

အာဆီယံ- အေမရိကန္ ပင္လယ္ေရေၾကာင္း ဆိုင္ရာ ေလ့က်င့္ခန္း ASEAN-US Maritime Exercise (AUMX) သို့တက္ ေရာက္ခဲ႕ေသာ တပ္မေတာ္(ေရ)မွ စစ္ေရယာဥ္ (က်န္စစ္သား) ျပန္လည္ေရာက္ရွိ

ေနျပည္ေတာ္  စက္တင္ဘာ  ၁၁

ထုိင္းပင္လယ္ေကြ႕တြင္ စက္တင္ဘာ၂ ရက္မွ ၆ ရက္အထိ က်င္းပျပဳလုပ္ခ့ဲသည့္  အာဆီယံ-အေမရိကန္ ပင္လယ္ ေရေၾကာင္း ဆိုင္ရာေလ့က်င့္ခန္း ASEAN-US Maritime Exercise (AUMX) သို႔တက္ေရာက္ခဲ့သည့္  တပ္မေတာ္(ေရ) မွ ဒုတိယဗုိလ္မွဴးႀကီး ခြန္ေအာင္ေက်ာ္ ဦးေဆာင္ေသာ စစ္ေရယာဥ္(က်န္စစ္သား) သည္ ယေန႔ ေန႔လယ္ပိုင္းတြင္  ရန္ကုန္ၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိလာရာ  ေရတပ္ေလ့က်င့္ေရးဌာနခ်ဳပ္၊  ဌာနခ်ဳပ္မွဴး  ဦးေဆာင္၍ တပ္မေတာ္(ေရ)မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ  အေမရိကန္ေရတပ္ စစ္သံမွဴးတို႔က  ႀကိဳဆိုႏႈတ္ဆက္ၾကသည္။

အဆိုပါအာဆီယံ-အေမရိကန္ ပင္လယ္ေရေၾကာင္းဆိုင္ရာ ေလ့က်င့္ခန္းသို႔ တက္ေရာက္ရန္အတြက္ စစ္ေရယာဥ္ (က်န္စစ္သား) သည္ ၾသဂုတ္ ၂၆ ရက္တြင္ ရန္ကုန္ၿမိဳ႕ မွစတင္ထြက္ခြာခဲ့ရာ စင္ကာပူႏိုင္ငံ၊ ခ်န္ဂီေရတပ္ စခန္းသို႔ ၾသဂုတ္ ၃၁ ရက္နံနက္ပိုင္းတြင္ ေရာက္ရွိခဲ့ၿပီး လမ္းခရီးတစ္ေလွ်ာက္ ေရယာဥ္ေပၚ လက္ေတြ႕ ေလ့က်င့္ခန္းမ်ား ေဆာင္ရြက္ခဲ့သည္။

ခ်န္ဂီေရတပ္စခန္းသို႔ေရာက္ရွိစဥ္ စက္တင္ဘာ ၁ ရက္မွ ၂ ရက္ထိ အဖြဲ႕ေခါင္းေဆာင္ ႏွင့္အဖြဲ႕၀င္မ်ားသည္ ေလ့က်င့္ခန္းဆိုင္ရာ  အႀကိဳညိႇႏိႈင္း အစည္းအေ၀းမ်ားသို႔ တက္ေရာက္ျခင္း၊ စင္ကာပူ ေရတပ္သတင္း အခ်က္အလက္ ေပါင္းစပ္ ညိႇႏိႈင္း ေရးဌာန (Information Fusion Centre-IFC) ေလ့က်င့္ခန္း၌ အသံုးျပဳမည့္ သတင္း အခ်က္ အလက္ျဖန္႔ခ်ိေရးစနစ္ (IFC-Realtime Information Sharing System-IRIS)အား ေလ့လာျခင္း၊ ေလ့က်င့္ခန္းတြင္ ပါ၀င္သည့္ စစ္ေရယာဥ္မ်ား အျပန္အလွန္ ခ်စ္ၾကည္ေရး ေလ့လာလည္ပတ္ျခင္း၊ စင္ကာပူ ၿမိဳ႕တြင္း ေလ့လာေရး ခရီးစဥ္ သြားေရာက္ ျခင္းမ်ား ေဆာင္ရြက္ခဲ့ၾကသည္။

စစ္ေရယာဥ္(က်န္စစ္သား) သည္ စက္တင္ဘာ ၂ ရက္ ေန႔လယ္ပိုင္းတြင္ ခ်န္ဂီေရတပ္ စခန္းမွ ထိုင္းပင္လယ္ေကြ႕ သို႔ ထြက္ခြာ ခဲ့ၿပီး စက္တင္ဘာ ၅ ရက္အထိ အာဆီယံ- အေမရိကန္ ပင္လယ္ေရေၾကာင္းလံုၿခံဳေရးဆိုင္ရာ ေလ့က်င့္ခန္းမ်ား ေဆာင္ရြက္ေပးခဲ့သည္။ ေလ့က်င့္ခန္းဧရိယာအတြင္း ပံုျပဳေမာင္းႏွင္ျခင္း၊ သံသယျဖစ္ဖြယ္ ေရယာဥ္အား ရွာေဖြ ေထာက္ လွမ္းျခင္း၊ သံသယျဖစ္ ဖြယ္ေရယာဥ္ေပၚတက္ေရာက္ရွာေဖြစီးနင္း သိမ္းပိုက္ျခင္း၊ အခ်က္ျပ ဆက္သြယ္ျခင္းႏွင့္ ပင္လယ္ျပင္ ေထာက္ပံံ့ျဖည္းတင္းေရး အတြက္ ခ်ဥ္းကပ္ ေမာင္းႏွင္ျခင္း ေလ့က်င့္ခန္းမ်ား ေဆာင္ရြက္ခဲ့ၾကသည္။

ASEANUS Maritime Exercise (AUMX)အား ျမန္မာ၊ အေမရိကန္၊ ထုိင္း၊ စင္ကာပူ၊ ဗီယက္နမ္၊ ဖိလစ္ပိုင္၊ ဘ႐ူႏိုင္း ႏုိင္ငံတို႔မွ စစ္ေရယာဥ္ ရွစ္စင္း၊ ရဟတ္ယာဥ္ ႏွစ္စင္း၊ ေလယာဥ္ တစ္စင္းတို႔ ေစလႊတ္ပါ၀င္ခဲ့ၾကၿပီး က်န္အာဆီယံ ႏိုင္ငံ မ်ားက ေလ့လာသူ ကိုယ္စားလွယ္မ်ား ေစလႊတ္ တက္ေရာက္ခဲ့ၾကသည္။

စစ္ေရယာဥ္(က်န္စစ္သား)၏ ရန္ကုန္- စင္ကာပူ-ထုိင္းပင္လယ္ေကြ႕-ရန္ကုန္ ခရီးစဥ္သည္ စုစုေပါင္းေရမိုင္ (၃၆၅၀) မိုင္ ခန္႔ ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

အာဆီယံ- အမေရိကန် ပင်လယ်ရေကြောင်း ဆိုင်ရာ လေ့ကျင့်ခန်း ASEAN-US Maritime Exercise (AUMX) သို့တက် ရောက်ခဲ့သော တပ်မတော်(ရေ)မှ စစ်ရေယာဉ် (ကျန်စစ်သား) ပြန်လည်ရောက်ရှိ

နေပြည်တော်  စက်တင်ဘာ  ၁၁

ထိုင်းပင်လယ်ကွေ့တွင် စက်တင်ဘာ၂ ရက်မှ ၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့်  အာဆီယံ-အမေရိကန် ပင်လယ် ရေကြောင်း ဆိုင်ရာလေ့ကျင့်ခန်း ASEAN-US Maritime Exercise (AUMX) သို့တက်ရောက်ခဲ့သည့်  တပ်မတော်(ရေ) မှ ဒုတိယဗိုလ်မှူးကြီး ခွန်အောင်ကျော် ဦးဆောင်သော စစ်ရေယာဉ်(ကျန်စစ်သား) သည် ယနေ့ နေ့လယ်ပိုင်းတွင်  ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ  ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊  ဌာနချုပ်မှူး  ဦးဆောင်၍ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် မြန်မာနိုင်ငံဆိုင်ရာ  အမေရိကန်ရေတပ် စစ်သံမှူးတို့က  ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါအာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာ လေ့ကျင့်ခန်းသို့ တက်ရောက်ရန်အတွက် စစ်ရေယာဉ် (ကျန်စစ်သား) သည် သြဂုတ် ၂၆ ရက်တွင် ရန်ကုန်မြို့ မှစတင်ထွက်ခွာခဲ့ရာ စင်ကာပူနိုင်ငံ၊ ချန်ဂီရေတပ် စခန်းသို့ သြဂုတ် ၃၁ ရက်နံနက်ပိုင်းတွင် ရောက်ရှိခဲ့ပြီး လမ်းခရီးတစ်လျှောက် ရေယာဉ်ပေါ် လက်တွေ့ လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့သည်။

ချန်ဂီရေတပ်စခန်းသို့ရောက်ရှိစဉ် စက်တင်ဘာ ၁ ရက်မှ ၂ ရက်ထိ အဖွဲ့ခေါင်းဆောင် နှင့်အဖွဲ့ဝင်များသည် လေ့ကျင့်ခန်းဆိုင်ရာ  အကြိုညှိနှိုင်း အစည်းအဝေးများသို့ တက်ရောက်ခြင်း၊ စင်ကာပူ ရေတပ်သတင်း အချက်အလက် ပေါင်းစပ် ညှိနှိုင်း ရေးဌာန (Information Fusion Centre-IFC) လေ့ကျင့်ခန်း၌ အသုံးပြုမည့် သတင်း အချက် အလက်ဖြန့်ချိရေးစနစ် (IFC-Realtime Information Sharing System-IRIS)အား လေ့လာခြင်း၊ လေ့ကျင့်ခန်းတွင် ပါဝင်သည့် စစ်ရေယာဉ်များ အပြန်အလှန် ချစ်ကြည်ရေး လေ့လာလည်ပတ်ခြင်း၊ စင်ကာပူ မြို့တွင်း လေ့လာရေး ခရီးစဉ် သွားရောက် ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

စစ်ရေယာဉ်(ကျန်စစ်သား) သည် စက်တင်ဘာ ၂ ရက် နေ့လယ်ပိုင်းတွင် ချန်ဂီရေတပ် စခန်းမှ ထိုင်းပင်လယ်ကွေ့ သို့ ထွက်ခွာ ခဲ့ပြီး စက်တင်ဘာ ၅ ရက်အထိ အာဆီယံ- အမေရိကန် ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခဲ့သည်။ လေ့ကျင့်ခန်းဧရိယာအတွင်း ပုံပြုမောင်းနှင်ခြင်း၊ သံသယဖြစ်ဖွယ် ရေယာဉ်အား ရှာဖွေ ထောက် လှမ်းခြင်း၊ သံသယဖြစ် ဖွယ်ရေယာဉ်ပေါ်တက်ရောက်ရှာဖွေစီးနင်း သိမ်းပိုက်ခြင်း၊ အချက်ပြ ဆက်သွယ်ခြင်းနှင့် ပင်လယ်ပြင် ထောက်ပံံ့ဖြည်းတင်းရေး အတွက် ချဉ်းကပ် မောင်းနှင်ခြင်း လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ကြသည်။

ASEANUS Maritime Exercise (AUMX)အား မြန်မာ၊ အမေရိကန်၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း နိုင်ငံတို့မှ စစ်ရေယာဉ် ရှစ်စင်း၊ ရဟတ်ယာဉ် နှစ်စင်း၊ လေယာဉ် တစ်စင်းတို့ စေလွှတ်ပါဝင်ခဲ့ကြပြီး ကျန်အာဆီယံ နိုင်ငံ များက လေ့လာသူ ကိုယ်စားလှယ်များ စေလွှတ် တက်ရောက်ခဲ့ကြသည်။

စစ်ရေယာဉ်(ကျန်စစ်သား)၏ ရန်ကုန်- စင်ကာပူ-ထိုင်းပင်လယ်ကွေ့-ရန်ကုန် ခရီးစဉ်သည် စုစုပေါင်းရေမိုင် (၃၆၅၀) မိုင် ခန့် ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News