မင္းလွၿမိဳ႕နယ္္ရွိ မုကၡာေခ်ာင္းေရဝင္ေရာက္ခဲ့သည္ ေက်းရြာမ်ား၌ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္

မင္းလွၿမိဳ႕နယ္္ရွိ မုကၡာေခ်ာင္းေရဝင္ေရာက္ခဲ့သည္ ေက်းရြာမ်ား၌ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  စက္တင္ဘာ  ၁၁

ပဲခူးတိုင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္တြင္ စက္တင္ဘာ ၁ဝ ရက္ ညပုိင္းတြင္ မုိးသည္း ထန္စြာရြာသြန္းၿပီး မုကၡာေခ်ာင္းေရႀကီးမႈေၾကာင့္ လက္ဆက္ေက်းရြာအုပ္စု၊ စိန္ကန္႔ လန္႔ေက်းရြာအတြင္း ေခ်ာင္းေရဝင္ေရာက္မႈ ျဖစ္ေပၚခဲ့သည္။

ေခ်ာင္းေရဝင္ေရာက္ခဲ့သည့္ေက်းရြာသို႔ ယေန႔နံနက္ပုိင္းတြင္ ေတာင္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္၊ အင္းမတပ္နယ္မွ တပ္မေတာ္ သားမ်ား၊ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ဝင္မ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ားပူးေပါင္း၍ ေနအိမ္မ်ားကူညီ ေရႊ႕ေျပာင္းေပးျခင္း၊ မင္းလွ-စိန္ကန္႔လန္႔ ကားလမ္း ေရေက်ာ္ေနသည့္ေနရာမ်ား၌ လမ္းေၾကာင္း ျပသေပးျခင္းမ်ား ကူညီေဆာင္ရြက္ေပးသည္။

အလားတူ ျဖဴးၿမိဳ႕နယ္တြင္ မုိးသည္းထန္ စြာရြာသြန္းၿပီး ျဖဴးေခ်ာင္းေရႀကီးမႈေၾကာင့္ ဝဲႀကီးေက်းရြာအုပ္စု၊ ဝဲႀကီးေတာင္ရြာႏွင့္ ဝဲႀကီးေျမာက္ရြာၾကားရွိ ျဖဴးေခ်ာင္းတံတား ပ်က္စီးမႈျဖစ္ေပၚခဲ့သျဖင့္ သြားလာေရးအခက္အခဲ ျဖစ္ေပၚလ်က္ရွိေသာ ေဒသခံျပည္သူ မ်ားအား တပ္မေတာ္မွ ဖုိက္ဘာစက္ေလွမ်ားျဖင့္ ကူညီပုိ႔ေဆာင္ေပးလ်က္ရွိရာ ယေန႔တြင္ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၁၈၈ ဦးႏွင့္ ေက်းရြာေနေဒသခံ ျပည္သူ ၆၃ဝ ဦးတုိ႔ကို အုတ္တြင္းတပ္နယ္မွ တပ္မေတာ္သားမ်ားက ဖုိက္ဘာစက္ေလွမ်ားျဖင့္   ကူညီပုိ႔ေဆာင္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

မင်းလှမြို့နယ်ရှိ မုက္ခာချောင်းရေဝင်ရောက်ခဲ့သည် ကျေးရွာများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  စက်တင်ဘာ  ၁၁

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် စက်တင်ဘာ ၁ဝ ရက် ညပိုင်းတွင် မိုးသည်း ထန်စွာရွာသွန်းပြီး မုက္ခာချောင်းရေကြီးမှုကြောင့် လက်ဆက်ကျေးရွာအုပ်စု၊ စိန်ကန့် လန့်ကျေးရွာအတွင်း ချောင်းရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သည်။

ချောင်းရေဝင်ရောက်ခဲ့သည့်ကျေးရွာသို့ ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အင်းမတပ်နယ်မှ တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ နေအိမ်များကူညီ ရွှေ့ပြောင်းပေးခြင်း၊ မင်းလှ-စိန်ကန့်လန့် ကားလမ်း ရေကျော်နေသည့်နေရာများ၌ လမ်းကြောင်း ပြသပေးခြင်းများ ကူညီဆောင်ရွက်ပေးသည်။

အလားတူ ဖြူးမြို့နယ်တွင် မိုးသည်းထန် စွာရွာသွန်းပြီး ဖြူးချောင်းရေကြီးမှုကြောင့် ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီးတောင်ရွာနှင့် ဝဲကြီးမြောက်ရွာကြားရှိ ဖြူးချောင်းတံတား ပျက်စီးမှုဖြစ်ပေါ်ခဲ့သဖြင့် သွားလာရေးအခက်အခဲ ဖြစ်ပေါ်လျက်ရှိသော ဒေသခံပြည်သူ များအား တပ်မတော်မှ ဖိုက်ဘာစက်လှေများဖြင့် ကူညီပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၈၈ ဦးနှင့် ကျေးရွာနေဒေသခံ ပြည်သူ ၆၃ဝ ဦးတို့ကို အုတ်တွင်းတပ်နယ်မှ တပ်မတော်သားများက ဖိုက်ဘာစက်လှေများဖြင့်   ကူညီပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News