ေဇယ်ာသီရိၿမိဳ႕နယ္၊ အမွတ္(၂)အေျခခံပညာ အထက္တန္းေက်ာင္းရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား က်န္းမာေရးစစ္ေဆးကုသ

ေဇယ်ာသီရိၿမိဳ႕နယ္၊ အမွတ္(၂)အေျခခံပညာ အထက္တန္းေက်ာင္းရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား က်န္းမာေရးစစ္ေဆးကုသ

ေနျပည္ေတာ္   စက္တင္ဘာ   ၁၁

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ေဇယ်ာသီရိၿမိဳ႕နယ္၊ အမွတ္(၂)အေျခခံပညာ အထက္တန္းေက်ာင္းရွိ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔တြင္ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ ေဆးကုသေရး အဖြဲ႕က အဆိုပါ ေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေက်ာင္းသား၊ ေက်ာင္းသူ ၁၅၆ဝ ဦးတုိ႔ကို အရပ္တိုင္းျခင္း၊ ေပါင္ခ်ိန္ျခင္း၊ တစ္ကိုယ္ေရ သန္႔ရွင္းေရးစစ္ေဆးျခင္း၊ ေသြးအုပ္စုခြဲျခားေပးျခင္း၊ သြားႏွင့္ခံတြင္းေရာဂါ၊ ဝမ္းပ်က္ဝမ္းေလွ်ာ ေရာဂါ၊ ေသြးလြန္တုပ္ေကြးေရာဂါ၊ ရာသီတုပ္ေကြးေရာဂါ၊ မ်က္စိေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရးစစ္ေဆးကုသေပးျခင္းမ်ားႏွင့္ ေက်ာင္းေဆာင္အတြင္း/အျပင္မ်ား၌ ျခင္ေဆးဖ်န္းျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသို႔ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ေဆးဝါးကုသေပးေနမႈမ်ားႏွင့္ လက္ေတြ႕ ခန္းမ၌ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ သိပၸံလက္ေတြ႕ေလ့က်င့္သင္ၾကားေနမႈမ်ားကို  တိုင္းမွဴး ဗုိလ္ခ်ဳပ္ျမင့္ေမာ္ႏွင့္အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ၍ လိုအပ္သည္မ်ား ညိႇႏိႈင္းေဆာင္ရြက္ေပးသည္။

ထို႔ျပင္ ဆရာ၊ ဆရာမမ်ားအား တိုင္းစစ္ဌာနခ်ဳပ္ႏွင့္ကြပ္ကဲမႈေအာက္ တပ္ရင္း/တပ္ဖြဲ႕မ်ားရွိ  တပ္ပိုင္ႏွင့္တစ္ပိုင္တစ္ႏိုင္ ေမြးျမဴေရးလုပ္ငန္းမ်ားမွ ထြက္ရွိေသာ အသား၊ ငါးမ်ား၊ ၾကက္ဥ၊ ဘဲဥႏွင့္တပ္မေတာ္စက္႐ံုမ်ားမွ ထုတ္လုပ္ေသာ ကုန္ပစၥည္းမ်ားကို ျပင္ပေပါက္ေစ်းထက္သက္သာေသာ ႏႈန္းထားမ်ားျဖင့္ ေရာင္းခ်ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဇေယျာသီရိမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးကုသ

နေပြည်တော်   စက်တင်ဘာ   ၁၁

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျောင်းသား၊ ကျောင်းသူ ၁၅၆ဝ ဦးတို့ကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေးစစ်ဆေးခြင်း၊ သွေးအုပ်စုခွဲခြားပေးခြင်း၊ သွားနှင့်ခံတွင်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ မျက်စိရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများနှင့် ကျောင်းဆောင်အတွင်း/အပြင်များ၌ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ကျောင်းသား၊ ကျောင်းသူများအား ဆေးဝါးကုသပေးနေမှုများနှင့် လက်တွေ့ ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ၏ သိပ္ပံလက်တွေ့လေ့ကျင့်သင်ကြားနေမှုများကို  တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့ပြင် ဆရာ၊ ဆရာမများအား တိုင်းစစ်ဌာနချုပ်နှင့်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ  တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသော အသား၊ ငါးများ၊ ကြက်ဥ၊ ဘဲဥနှင့်တပ်မတော်စက်ရုံများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက်သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News