တတိယအႀကိမ္ ျမန္မာ-ပါကစၥတန္အဆင့္ျမင့္အရာရွိႀကီးမ်ားအစည္းအေဝးက်င္းပ

တတိယအႀကိမ္ ျမန္မာ-ပါကစၥတန္အဆင့္ျမင့္အရာရွိႀကီးမ်ားအစည္းအေဝးက်င္းပ

ေနျပည္ေတာ္ စက္တင္ဘာ ၁၁

တတိယအႀကိမ္ ျမန္မာ-ပါကစၥတန္အဆင့္ျမင့္အရာရွိႀကီးမ်ားအစည္းအေဝးကို ယေန႔ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ေရႊနန္းေတာ္ဟိုတယ္၌ က်င္းပျပဳလုပ္ရာ အစည္းအေဝးသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ပါကစၥတန္တပ္မေတာ္၊ ပူးတြဲ စစ္ဦးစီးဌာနၫြန္ၾကားေရးမွဴးခ်ဳပ္ Lieutenant General Azhar Abbas,HI(M) ႏွင့္  ပါကစၥတန္တပ္မေတာ္မွ အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းႏွင့္ Lieutenant General Azhar Abbas,HI(M) တို႔က အဖြင့္အမွာစကားမ်ားေျပာၾကားၾကသည္။ ထို႔ေနာက္ အစည္းအေဝးကို ဆက္လက္ျပဳလုပ္ရာ ျမန္မာ့တပ္မေတာ္၏ ျပည္တြင္းၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနမႈ အေျခအေနမ်ားကို ေဆြးေႏြးျခင္း၊ ႏွစ္ဖက္ကိုယ္စားလွယ္ အဖြဲ႕မ်ားက အျပန္အလွန္ ေဆြးေႏြးျခင္း၊ ဒုတိယအႀကိမ္ေျမာက္ ပါကစၥတန္-ျမန္မာ အဆင့္ျမင့္အရာရွိႀကီးမ်ားအစည္းအေဝး၏ သေဘာတူညီခ်က္မ်ားႏွင့္ စပ္လ်ဥ္း၍ ျပန္လည္ေဆြးေႏြးျခင္း၊ အေထြ ေထြေဆြးေႏြးျခင္းႏွင့္ စတုတၳအႀကိမ္ေျမာက္ ပါကစၥတန္-ျမန္မာ အဆင့္ျမင့္အရာရွိႀကီးမ်ားအစည္းအေဝး က်င္းပမည့္ အခ်ိန္ႏွင့္ေနရာအတည္ျပဳျခင္းမ်ားေဆြးေႏြးၾကသည္။

ယင္းေနာက္ ပါကစၥတန္တပ္မေတာ္၊ ပူးတြဲစစ္ဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ Lieutenant General Azhar Abbas,HI(M) ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီးမိုးျမင့္ထြန္းတို႔က နိဂံုးခ်ဳပ္ အမွာစကားမ်ားေျပာၾကားၿပီး အမွတ္တရ စုေပါင္းဓာတ္ပံု႐ိုက္ကူးခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တတိယအကြိမ် မြန်မာ-ပါကစ္စတန်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၁

တတိယအကြိမ် မြန်မာ-ပါကစ္စတန်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ပါကစ္စတန်တပ်မတော်၊ ပူးတွဲ စစ်ဦးစီးဌာနညွန်ကြားရေးမှူးချုပ် Lieutenant General Azhar Abbas,HI(M) နှင့်  ပါကစ္စတန်တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် Lieutenant General Azhar Abbas,HI(M) တို့က အဖွင့်အမှာစကားများပြောကြားကြသည်။ ထို့နောက် အစည်းအဝေးကို ဆက်လက်ပြုလုပ်ရာ မြန်မာ့တပ်မတော်၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခြင်း၊ နှစ်ဖက်ကိုယ်စားလှယ် အဖွဲ့များက အပြန်အလှန် ဆွေးနွေးခြင်း၊ ဒုတိယအကြိမ်မြောက် ပါကစ္စတန်-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၏ သဘောတူညီချက်များနှင့် စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးခြင်း၊ အထွေ ထွေဆွေးနွေးခြင်းနှင့် စတုတ္ထအကြိမ်မြောက် ပါကစ္စတန်-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ကျင်းပမည့် အချိန်နှင့်နေရာအတည်ပြုခြင်းများဆွေးနွေးကြသည်။

ယင်းနောက် ပါကစ္စတန်တပ်မတော်၊ ပူးတွဲစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Lieutenant General Azhar Abbas,HI(M) နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းတို့က နိဂုံးချုပ် အမှာစကားများပြောကြားပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News