ေရျဖဴၿမိဳ႕နယ္၊ ေက်ာက္ရွပ္ေက်းရြာ၊ အေျခခံပညာ အလယ္တန္းေက်ာင္း၌ က်န္းမာေရး စစ္ေဆးကုသျခင္း မ်ားေဆာင္ရြက္

ေရျဖဴၿမိဳ႕နယ္၊ ေက်ာက္ရွပ္ေက်းရြာ၊ အေျခခံပညာ အလယ္တန္းေက်ာင္း၌ က်န္းမာေရး စစ္ေဆးကုသျခင္း မ်ားေဆာင္ရြက္

ေနျပည္ေတာ္  စက္တင္ဘာ  ၁၁

တနသၤာရီတုိင္းေဒသႀကီး၊ ေရျဖဴၿမိဳ႕နယ္၊ ေက်ာက္ရွပ္ေက်းရြာ၊ အေျခခံပညာအလယ္တန္းေက်ာင္းမွ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ကမ္း႐ိုးတန္းေဒသတုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆိုပါေက်ာင္း၌ က်န္းမာေရးစစ္ေဆး ကုသျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ဦးစြာ ေဆးကုသေရးအဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို အရပ္တုိင္းျခင္း၊ ေပါင္ခ်ိန္ျခင္း၊ တစ္ကိုယ္ေရသန္႔ရွင္းေရး စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပးျခင္း၊ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၃၂၅ ဦးတုိ႔ကို အေရျပားေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ တုပ္ေကြးေရာဂါ၊ ေသြးအားနည္းေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အေထြေထြေရာဂါ တုိ႔ႏွင့္ပတ္သက္၍ လိုအပ္သည့္က်န္းမာေရး စစ္ေဆးကုသျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိ႔ေနာက္ မူးယစ္ေဆးဝါးႏွင့္စိတ္ကို ေျပာင္းလဲေစေသာ ေဆးဝါးအႏၲရာယ္အေၾကာင္း က်န္းမာေရးအသိ ပညာေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ရေဖြူမြို့နယ်၊ ကျောက်ရှပ်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျန်းမာရေး စစ်ဆေးကုသခြင်း များဆောင်ရွက်

နေပြည်တော်  စက်တင်ဘာ  ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကျောက်ရှပ်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေးစစ်ဆေး ကုသခြင်းများ ဆောင်ရွက်ပေးသည်။

ဦးစွာ ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများကို အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၃၂၅ ဦးတို့ကို အရေပြားရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ တုပ်ကွေးရောဂါ၊ သွေးအားနည်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးသည်။

ထို့နောက် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးအန္တရာယ်အကြောင်း ကျန်းမာရေးအသိ ပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News