



(Unicode Version)

ပြင်ဦးလွင်မြို့နယ်၊ စေတလုံးကျေးရွာ အနီး၌ ဗုံးသီးဟောင်း တစ်လုံးတွေ့ရှိ

နေပြည်တော်   စက်တင်ဘာ   ၁၁

မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့ နယ်၊ စေတလုံး ကျေးရွာနေ ဦးအောင်နိုင် ဝင်းသည် စက်တင်ဘာ ၁၀ ရက် ညနေ ၃ နာရီခွဲခန့်တွင် ၎င်းပိုင်ဆိုင်သော တောင် ယာခင်းအတွင်း တောင်ယာလုပ်ကိုင်နေစဉ် အလျား ၁၇ လက်မ၊ လုံးပတ် ၄ လက်မရှိ ဗုံးသီးဟောင်း တစ်လုံးအား တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးပြီး သယ်ဆောင်ရန် အခက်အခဲ ရှိသဖြင့် ဗုံးသီးဟောင်းအား လုပ်ထုံးလုပ်နည်း နှင့်အညီ ဖောက်ခွဲ ဖျက်ဆီး ခဲ့ကြောင်း သတင်းရရှိသည်။

Recent News