လွည္းကူးၿမိဳ႔နယ္၊ ေငြနံ့သာစံျပေက်းရြာရွိ မေဟာ္သဓာအခမဲ့ကိုယ္ပိုင္အထက္တန္းေက်ာင္း၌ က်န္းမာေရး စစ္ေဆး ကုသျခင္းမ်ား ေဆာင္ရြက္

လွည္းကူးၿမိဳ႔နယ္၊ ေငြနံ့သာစံျပေက်းရြာရွိ မေဟာ္သဓာအခမဲ့ကိုယ္ပိုင္အထက္တန္းေက်ာင္း၌ က်န္းမာေရး စစ္ေဆး ကုသျခင္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  စက္တင္ဘာ  ၁၁

ရန္ကုန္တုိင္းေဒသႀကီး၊ လွည္းကူးၿမိဳ႕ နယ္၊ ေငြနံ႔သာစံျပေက်းရြာ၊ မေဟာ္သဓာ အခမဲ့ကိုယ္ပိုင္အထက္တန္းေက်ာင္းရွိ ဆရာ၊ ဆရာမမ်ား၊ ၀န္ထမ္းမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔ နံနက္ပိုင္းတြင္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္၊ နယ္လွည့္ ေဆးကုသေရး အဖြဲ႕က အဆုိပါ ေက်ာင္း၌ က်န္းမာေရး စစ္ေဆးကုသျခင္း မ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က ဆရာ၊ ဆရာမမ်ားႏွင့္ ၀န္ထမ္း၁၃၂ ဦး၊ ေက်ာင္းသား၊ ေက်ာင္းသူ ၅၃၂ ဦး တုိ႔ကို သြားႏွင့္ခံတြင္းေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ အ႐ိုး/ အေၾကာေရာဂါ၊ အေထြေထြ ေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္က်န္းမာေရး စစ္ေဆးကုသျခင္းမ်ား ေဆာင္ရြက္ေပးၿပီး Ultrasound ႐ိုက္ေပးျခင္း စသည့္ေရာဂါ ရွာေဖြစမ္းသပ္ကုသေပးျခင္းမ်ား ေဆာင္ရြက္ ‌ေပးသည္။

ယင္းသုိ႔    ေဆာင္ရြက္ေပးမႈမ်ားကို တိုင္းမွဴး ဗိုလ္ခ်ဳပ္သက္ပံုႏွင့္ အဖြဲ႕၀င္မ်ားက သြားေရာက္ၾကည့္႐ႈ အားေပးသည္။ ထုိ႔ေနာက္ မေဟာ္သဓာအခမဲ့ ကိုယ္ပိုင္အထက္တန္း ေက်ာင္းမ်ား၏ ဦးစီး ပဓာန နာယက သာသနဓဇ ဓမၼာစရိယ ဓမၼ ဒူတဆရာေတာ္ ဘဒၵႏၱ ပညာ၀ရ အမွဴးျပဳေသာ သံဃာေတာ္မ်ား အား သကၤန္း၊ ဆြမ္းဆန္ေတာ္၊ ဆီႏွင့္ စားေသာက္ ဖြယ္ရာမ်ား ဆက္ကပ္လွဴဒါန္းၿပီး ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ ဗလာစာအုပ္မ်ား ေပးအပ္လွဴဒါန္းခဲ့ေၾကာင္း သတင္း ရရွိသည္။    

(Unicode Version)

လှည်းကူးမြို့နယ်၊ ငွေနံ့သာစံပြကျေးရွာရှိ မဟော်သဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျန်းမာရေး စစ်ဆေး ကုသခြင်းများ ဆောင်ရွက်

နေပြည်တော်  စက်တင်ဘာ  ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့ နယ်၊ ငွေနံ့သာစံပြကျေးရွာ၊ မဟော်သဓာ အခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျောင်း၌ ကျန်းမာရေး စစ်ဆေးကုသခြင်း များ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဆရာ၊ ဆရာမများနှင့် ဝန်ထမ်း၁၃၂ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၅၃၂ ဦး တို့ကို သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အရိုး/ အကြောရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးပြီး Ultrasound ရိုက်ပေးခြင်း စသည့်ရောဂါ ရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက် ‌ပေးသည်။

ယင်းသို့    ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးသည်။ ထို့နောက် မဟော်သဓာအခမဲ့ ကိုယ်ပိုင်အထက်တန်း ကျောင်းများ၏ ဦးစီး ပဓာန နာယက သာသနဓဇ ဓမ္မာစရိယ ဓမ္မ ဒူတဆရာတော် ဘဒ္ဒန္တ ပညာဝရ အမှူးပြုသော သံဃာတော်များ အား သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် စားသောက် ဖွယ်ရာများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ဗလာစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။   

Recent News