




(Unicode Version)

ဟုမ္မလင်းမြို့နယ်၊ ရေပေါ်မီး ကျေးရွာအနီး၌ တရားမဝင်ရွှေ တူးဖော်ရာတွင်အသုံးပြုသည့် စက်ပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော်   စက်တင်ဘာ   ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၈ နာရီ ခန့်တွင် ရေပေါ်မီးကျေးရွာ၏ တောင်ဘက် မီတာ ၅၀၀၀ ခန့်အကွာသို့အရောက်၌ ချုံအတွင်း ဝှက်ထားသော  တရားမဝင်ရွှေ မျောလုပ်ကိုင်ရာတွင် အသုံးပြုသည့် ရေစုပ် စက်ခြောက်လုံး၊ ရေခရုလေးလုံးနှင့် ဆက်စပ် ပစ္စည်းများအား ပိုင်ရှင်မဲ့ တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ တရားမဝင် ရွှေမျော လုပ်ကိုင်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား ရေပေါ်မီး နယ်မြေရဲစခန်း သို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။              

 

Recent News