ခိုလမ္ၿမိဳ႔၊ သီရိမဂၤလာေက်ာင္းတုိုက္၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

ခိုလမ္ၿမိဳ႔၊ သီရိမဂၤလာေက်ာင္းတုိုက္၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္  စက္တင္ဘာ  ၁၁

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ခိုလမ္ၿမိဳ႕၊ သီရိမဂၤလာေက်ာင္းတိုက္ရွိ သံဃာေတာ္မ်ားႏွင့္ ရွင္သာမေဏမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေရွ႕အလယ္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္၊  နယ္လွည့္ေဆးကုသေရးအဖဲြ႕က အဆုိပါေက်ာင္းတိုက္၌ က်န္းမာေရးေစာင့္ ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖဲြ႕က    သံဃာေတာ္ခုနစ္ပါးႏွင့္ ရွင္သာမေဏ ၆၂ ပါးတို႔ကို အ႐ိုး/အေၾကာေရာဂါ၊ အေရျပားေရာဂါ၊  မ်က္စိေရာဂါ၊  နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ တုပ္ေကြးေရာဂါ၊  ေသြးအားနည္းေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ ေဆးဝါးကုသမႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသို႔ေဆာင္ရြက္ေပးမႈမ်ားကို တုိင္းမွဴး ဗိုလ္ခ်ဳပ္သန္းလႈိင္ႏွင့္ အဖဲြ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ အားေပးၿပီး ေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၲနေႏၲာဘာသအမွဴးျပဳ ေသာ သံဃာေတာ္မ်ားအား ေန႔ဆြမ္းႏွင့္လွဴဖြယ္ပ စၥည္းမ်ား  ဆက္ကပ္လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ခိုလမ်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော်  စက်တင်ဘာ  ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ သီရိမင်္ဂလာကျောင်းတိုက်ရှိ သံဃာတော်များနှင့် ရှင်သာမဏေများအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊  နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းတိုက်၌ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က    သံဃာတော်ခုနစ်ပါးနှင့် ရှင်သာမဏေ ၆၂ ပါးတို့ကို အရိုး/အကြောရောဂါ၊ အရေပြားရောဂါ၊  မျက်စိရောဂါ၊  နား/နှာခေါင်း/လည်ချောင်းရောဂါ၊ တုပ်ကွေးရောဂါ၊  သွေးအားနည်းရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္တောဘာသအမှူးပြု သော သံဃာတော်များအား နေ့ဆွမ်းနှင့်လှူဖွယ်ပ စ္စည်းများ  ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News