တာခ်ီလိတ္ၿမိဳ႔နယ္၊ ၀မ္ပံုေက်းရြာအနီး၌ မူးယစ္ေဆး၀ါးမ်ား သယ္ေဆာင္လာသူတစ္ဦးအား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႔နယ္၊ ၀မ္ပံုေက်းရြာအနီး၌ မူးယစ္ေဆး၀ါးမ်ား သယ္ေဆာင္လာသူတစ္ဦးအား ဖမ္းဆီးရမိ

ေနျပည္ေတာ္   စက္တင္ဘာ   ၁၁

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ ၿမိဳ႕နယ္အတြင္း  လံုၿခံဳေရးတပ္ဖဲြ႕၀င္မ်ား ပါ၀င္ေသာပူးေပါင္းအဖြဲ႕သည္ သတင္း အရ ၀မ္နားေက်းရြာအနီးေစာင့္ဆုိင္းစဥ္ ယေန႔ နံနက္ ၈ နာရီခန္႔တြင္ ၀မ္နားေက်းရြာဘက္ မွ  ၀မ္ပံုေက်းရြာဘက္သို႔  ေမာင္းႏွင္လာသည့္ ပါဂ်ဲ႐ိုးအမ်ဳိးအစား ေမာ္ေတာ္ယာဥ္ တစ္စီးအား စစ္ေဆးရန္တားျမစ္စဥ္ အဆိုပါ ယာဥ္မွာ ေမာင္းႏွင္ထြက္ေျပးသြားသျဖင့္  လိုက္လံဖမ္းဆီးရာ ၀မ္ပံုေက်းရြာ အ၀င္မုခ္ဦး အား ၀င္ေရာက္တိုက္မိၿပီး ေမာ္ေတာ္ ယာဥ္ မွာ ရပ္တန္႔ သြားခဲ့သည္။

ပူးေပါင္းအဖဲြ႕က ရပ္တန္႔သြားသည့္ ယာဥ္အားစစ္ေဆးရာ ယာဥ္ေမာင္း အိုက္၀န္း (ဘ)ဦးလံုးႏြဲ႕ႏွင့္  ယာဥ္ေပၚမွ  လက္ဖက္ ေျခာက္ထုပ္ ၅၀၀ ထုပ္အတြင္းထည့္ထား သည့္ အိုက္စ္ ၅၀၀ ကီလိုဂရမ္ခန္႔(ခန္႔မွန္း တန္ဖိုးေငြ က်ပ္သိန္း ေပါင္း ၁၂၅၀၀၀ ခန္႔) ကို ေတြ႕ရွိဖမ္းဆီးရမိခဲ့သည္။

အဆိုပါ မူးယစ္ေဆး၀ါးမ်ား ႏွင့္အတူ ဖမ္းဆီးရမိသူအား ၀မ္ပံုနယ္ေျမ ရဲစခန္း၌ တရားဥပေဒအရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ လ်က္ရွိေၾကာင္း   သတင္းရရွိသည္။           

(Unicode Version)

တာချီလိတ်မြို့နယ်၊ ဝမ်ပုံကျေးရွာအနီး၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူတစ်ဦးအား ဖမ်းဆီးရမိ

နေပြည်တော်   စက်တင်ဘာ   ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်အတွင်း  လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်း အရ ဝမ်နားကျေးရွာအနီးစောင့်ဆိုင်းစဉ် ယနေ့ နံနက် ၈ နာရီခန့်တွင် ဝမ်နားကျေးရွာဘက် မှ  ဝမ်ပုံကျေးရွာဘက်သို့  မောင်းနှင်လာသည့် ပါဂျဲရိုးအမျိုးအစား မော်တော်ယာဉ် တစ်စီးအား စစ်ဆေးရန်တားမြစ်စဉ် အဆိုပါ ယာဉ်မှာ မောင်းနှင်ထွက်ပြေးသွားသဖြင့်  လိုက်လံဖမ်းဆီးရာ ဝမ်ပုံကျေးရွာ အဝင်မုခ်ဦး အား ဝင်ရောက်တိုက်မိပြီး မော်တော် ယာဉ် မှာ ရပ်တန့် သွားခဲ့သည်။

ပူးပေါင်းအဖွဲ့က ရပ်တန့်သွားသည့် ယာဉ်အားစစ်ဆေးရာ ယာဉ်မောင်း အိုက်ဝန်း (ဘ)ဦးလုံးနွဲ့နှင့်  ယာဉ်ပေါ်မှ  လက်ဖက် ခြောက်ထုပ် ၅၀၀ ထုပ်အတွင်းထည့်ထား သည့် အိုက်စ် ၅၀၀ ကီလိုဂရမ်ခန့်(ခန့်မှန်း တန်ဖိုးငွေ ကျပ်သိန်း ပေါင်း ၁၂၅၀၀၀ ခန့်) ကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိသူအား ဝမ်ပုံနယ်မြေ ရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း   သတင်းရရှိသည်။         

    

 

Recent News