တာခ်ီလိတ္ၿမိဳ႔နယ္ အတြင္း ထိန္းခ်ဳပ္ဓာတု ပစၥည္းမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႔နယ္ အတြင္း ထိန္းခ်ဳပ္ဓာတု ပစၥည္းမ်ား ဖမ္းဆီးရမိ

ေနျပည္ေတာ္   စက္တင္ဘာ   ၁၁

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕၊ တာေလာရပ္ကြက္ရွိ ျမန္မာ-ထုိင္း အမွတ္(၁)ခ်စ္ၾကည္ေရး တံတား (ျမန္မာ ဘက္ အ၀င္)၌ ဌာနဆုိင္ရာ တာ၀န္ရွိသူမ်ား ပါ၀င္ ေသာ ပူးေပါင္းအဖဲြ႕က ယာဥ္၀င္/ထြက္မႈ မ်ားကို  စစ္ေဆး ေဆာင္ရြက္စဥ္ စက္တင္ဘာ ၉ ရက္ ညေန ၃နာရီ မိနစ္ ၅၀တြင္ ထုိင္းႏုိင္ငံ၊ မယ္ဆုိင္ၿမိဳ႕ဘက္မွ တာခ်ီလိတ္ ၿမိဳ႕ဘက္သို႔    အုိက္ဆင္း(ဘ) ဦးဆုရိမ္း ေမာင္းႏွင္ၿပီး ပိုင္ရွင္ျဖစ္သူ ေအာင္သူ(ဘ) ဦးသိန္းေဌး လိုက္ပါလာေသာ သံုးဘီးဆုိင္ ကယ္အား ရပ္တန္႔ စစ္ေဆးရာ ဟိုက္ဒ႐ို ကလိုရစ္ အက္စစ္ ထည့္ထားေသာ ပလတ္ စတစ္ပံုး ၅၀ ပံုး(၂၅၀ ဂါလန္ခန္႔)ကို ေတြ႕ရွိ ဖမ္းဆီး ရမိခဲ့သည္။

ထို႔ေနာက္ ပူးေပါင္းအဖဲြ႕က ဆက္လက္စစ္ေဆးရာ ညေန ၄ နာရီ ၁၀ မိနစ္တြင္ မယ္ဆုိင္ၿမိဳ႕ဘက္မွ တာခ်ီလိတ္ၿမိဳ႕ ဘက္သို႔ မ်ဳိးမင္းသူ(ဘ)ဦးလွသိန္း ေမာင္းႏွင္လာသည့္ သံုးဘီးဆုိင္ကယ္ရွိ ကုန္ပစၥည္းမ်ား ေအာက္မွ၀ွက္၍  သယ္ေဆာင္လာေသာ ဟိုက္ဒ႐ိုကလိုရစ္ အက္စစ္ထည့္ထားသည့္  ပလတ္စတစ္ပံုး ၅၀ ပံုး(၂၅၀ ဂါလန္ခန္႔) ကို ထပ္မံ ေတြ႕ရွိ ဖမ္းဆီး ရမိခဲ့သည္။

ဖမ္းဆီး ရမိသူမ်ား၏ ေျပာၾကားခ်က္အရ ဆန္ဆုိင္း(ခ)ရပ္ကြက္ေန စိုင္းလွေမာင္ ေနထိုင္သည့္ ၿခံ၀င္း၌ ဟိုက္ဒ႐ိုကလိုရစ္  အက္စစ္မ်ား ရွိေနေၾကာင္း သိရွိရသျဖင့္ သြားေရာက္ရွာေဖြရာ ၎င္းအပါအ၀င္ အမ်ဳိးသားသံုးဦးကို ေမာ္ေတာ္ ယာဥ္ ႏွစ္စီး၊ သံုးဘီးဆိုင္ကယ္ႏွစ္စီးေပၚတြင္ တင္ေဆာင္ ထားသည့္   ဟိုက္ဒ႐ိုကလိုရစ္အက္စစ္ ထည့္ထား ေသာ ပလတ္စတစ္ပံုး ၂၉၉ ပံုး (၁၄၉၅ ဂါလန္) ႏွင့္အတူ ထပ္မံဖမ္းဆီး ရမိခဲ့သည္။

အဆိုပါ  ထိန္းခ်ဳပ္ ဓာတုပစၥည္းမ်ား၊  ေမာ္ေတာ္ယာဥ္မ်ား ႏွင့္အတူ ဖမ္းဆီး ရမိသူမ်ားအား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းသို႔ စနစ္တက်လႊဲေျပာင္း အပ္ႏွံ၍ တရားဥပေဒအရ အေရးယူႏုိင္ေရး ေဆာင္ရြက္လ်က္ ရွိေၾကာင္း သတင္းရရွိသည္။    

(Unicode Version)

တာချီလိတ်မြို့နယ် အတွင်း ထိန်းချုပ်ဓာတု ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော်   စက်တင်ဘာ   ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ တာလောရပ်ကွက်ရှိ မြန်မာ-ထိုင်း အမှတ်(၁)ချစ်ကြည်ရေး တံတား (မြန်မာ ဘက် အဝင်)၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင် သော ပူးပေါင်းအဖွဲ့က ယာဉ်ဝင်/ထွက်မှု များကို  စစ်ဆေး ဆောင်ရွက်စဉ် စက်တင်ဘာ ၉ ရက် ညနေ ၃နာရီ မိနစ် ၅၀တွင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်မှ တာချီလိတ် မြို့ဘက်သို့    အိုက်ဆင်း(ဘ) ဦးဆုရိမ်း မောင်းနှင်ပြီး ပိုင်ရှင်ဖြစ်သူ အောင်သူ(ဘ) ဦးသိန်းဌေး လိုက်ပါလာသော သုံးဘီးဆိုင် ကယ်အား ရပ်တန့် စစ်ဆေးရာ ဟိုက်ဒရို ကလိုရစ် အက်စစ် ထည့်ထားသော ပလတ် စတစ်ပုံး ၅၀ ပုံး(၂၅၀ ဂါလန်ခန့်)ကို တွေ့ရှိ ဖမ်းဆီး ရမိခဲ့သည်။

ထို့နောက် ပူးပေါင်းအဖွဲ့က ဆက်လက်စစ်ဆေးရာ ညနေ ၄ နာရီ ၁၀ မိနစ်တွင် မယ်ဆိုင်မြို့ဘက်မှ တာချီလိတ်မြို့ ဘက်သို့ မျိုးမင်းသူ(ဘ)ဦးလှသိန်း မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်ရှိ ကုန်ပစ္စည်းများ အောက်မှဝှက်၍  သယ်ဆောင်လာသော ဟိုက်ဒရိုကလိုရစ် အက်စစ်ထည့်ထားသည့်  ပလတ်စတစ်ပုံး ၅၀ ပုံး(၂၅၀ ဂါလန်ခန့်) ကို ထပ်မံ တွေ့ရှိ ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီး ရမိသူများ၏ ပြောကြားချက်အရ ဆန်ဆိုင်း(ခ)ရပ်ကွက်နေ စိုင်းလှမောင် နေထိုင်သည့် ခြံဝင်း၌ ဟိုက်ဒရိုကလိုရစ်  အက်စစ်များ ရှိနေကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေရာ ၎င်းင်းအပါအဝင် အမျိုးသားသုံးဦးကို မော်တော် ယာဉ် နှစ်စီး၊ သုံးဘီးဆိုင်ကယ်နှစ်စီးပေါ်တွင် တင်ဆောင် ထားသည့်   ဟိုက်ဒရိုကလိုရစ်အက်စစ် ထည့်ထား သော ပလတ်စတစ်ပုံး ၂၉၉ ပုံး (၁၄၉၅ ဂါလန်) နှင့်အတူ ထပ်မံဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ  ထိန်းချုပ် ဓာတုပစ္စည်းများ၊  မော်တော်ယာဉ်များ နှင့်အတူ ဖမ်းဆီး ရမိသူများအား တာချီလိတ်မြို့မ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံ၍ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။        

   

Recent News