ေတာင္ႀကီးၿမိဳ႕နယ္၊ ေက်ာက္တလုံးႀကီးၿမိဳ႕၊ ကကၠဴေက်းရြာရွိ ေမြေတာ္ကကၠဴ ေစတီေတာ္ရွိ သစ္ပင္ၿပိဳလဲမႈအား ကူညီဖယ္ရွား

ေတာင္ႀကီးၿမိဳ႕နယ္၊ ေက်ာက္တလုံးႀကီးၿမိဳ႕၊ ကကၠဴေက်းရြာရွိ ေမြေတာ္ကကၠဴ ေစတီေတာ္ရွိ သစ္ပင္ၿပိဳလဲမႈအား ကူညီဖယ္ရွား

ေနျပည္ေတာ္  စက္တင္ဘာ  ၁၂

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕နယ္၊ ေက်ာက္တလုံးႀကီးၿမိဳ႕၊ ကကၠဴ ေက်းရြာရွိ ေမြေတာ္ကကၠဴေစတီေတာ္ အေနာက္ေျမာက္ေထာင့္ရွိ အျမင့္ေပ ၈ဝ ေက်ာ္၊ လုံးပတ္ ၂၄ ေပခန္႔ရွိ သက္တမ္း ရင့္ေညာင္ပင္သည္ ယေန႔မြန္းလြဲ ၁၂ နာရီ ၁၅ မိနစ္ခန္႔တြင္ အျမစ္မွကြၽတ္၍ လဲက်ရာ ဘုရားအနီးရွိ ေဂါပကအဖြဲ႕႐ုံးေပၚသုိ႔ တစ္ျခမ္းပိမိခဲ့သည္။  သစ္ပင္ၿပိဳလဲမႈ ေၾကာင့္ ဘုရားဖူးလာေရာက္ေသာ ေဒသခံ ျပည္သူတစ္ဦးမွာ ဒဏ္ရာ အနည္းငယ္ရရွိခဲ့ၿပီး ေတာင္ႀကီးၿမိဳ႕၊ စဝ္စံထြန္းေဆး႐ံုသုိ႔ ပို႔ေဆာင္ေဆးကုသမႈ ခံယူေစလ်က္ရွိသည္။

အဆိုပါ သစ္ပင္ၿပိဳလဲသည့္ေနရာ၌ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ ဘန္းယဥ္တပ္နယ္မွ တပ္မေတာ္သားမ်ား၊ ျမန္မာႏိုင္ငံရဲ တပ္ဖြဲ႕ဝင္မ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံျပည္သူမ်ား ပူးေပါင္း၍ အပ်က္အစီးမ်ား ဖယ္ရွားရွင္းလင္းေပးခဲ့ၾကေၾကာင္း သတင္းရရွိသည္။   

(Unicode Version)

တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ကက္ကူကျေးရွာရှိ မွေတော်ကက္ကူ စေတီတော်ရှိ သစ်ပင်ပြိုလဲမှုအား ကူညီဖယ်ရှား

နေပြည်တော်  စက်တင်ဘာ  ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ကက္ကူ ကျေးရွာရှိ မွေတော်ကက္ကူစေတီတော် အနောက်မြောက်ထောင့်ရှိ အမြင့်ပေ ၈ဝ ကျော်၊ လုံးပတ် ၂၄ ပေခန့်ရှိ သက်တမ်း ရင့်ညောင်ပင်သည် ယနေ့မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် အမြစ်မှကျွတ်၍ လဲကျရာ ဘုရားအနီးရှိ ဂေါပကအဖွဲ့ရုံးပေါ်သို့ တစ်ခြမ်းပိမိခဲ့သည်။  သစ်ပင်ပြိုလဲမှု ကြောင့် ဘုရားဖူးလာရောက်သော ဒေသခံ ပြည်သူတစ်ဦးမှာ ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိသည်။

အဆိုပါ သစ်ပင်ပြိုလဲသည့်နေရာ၌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဘန်းယဉ်တပ်နယ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သတင်းရရှိသည်။  

Recent News