ေတာင္ငူၿမိဳ႕နယ္အတြင္းရွိ စာသင္တိုက္မ်ားႏွင့္ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားမွ စာသင္သားရွင္သာမေဏအပါး ၁ဝဝဝ တို့အား ဆြမ္းဆန္ေတာ္ႏွင့္ လွဴဖြယ္ပစၥည္းမ်ား ေလာင္းလွဴ

ေတာင္ငူၿမိဳ႕နယ္အတြင္းရွိ စာသင္တိုက္မ်ားႏွင့္ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားမွ စာသင္သားရွင္သာမေဏအပါး ၁ဝဝဝ တို့အား ဆြမ္းဆန္ေတာ္ႏွင့္ လွဴဖြယ္ပစၥည္းမ်ား ေလာင္းလွဴ

ေနျပည္ေတာ္  စက္တင္ဘာ  ၁၂

ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္ အတြင္းရွိ စာသင္တိုက္မ်ားႏွင့္ ဘုန္းေတာ္ႀကီးေက်ာင္းမ်ားမွ စာသင္သားရွင္သာမေဏ အပါး ၁ဝဝဝ တို႔အား ဆြမ္းဆန္ေတာ္ႏွင့္ လွဴဖြယ္ပစၥည္းမ်ား ေလာင္းလွဴပူေဇာ္ပြဲကို စက္တင္ဘာ ၁၁ ရက္ ေန႔လယ္ပိုင္းတြင္ ေတာင္ငူၿမိဳ႕၊ သာသနာ့ဟိတကာရီဗိမာန္ ေတာ္ႀကီး၌ျပဳလုပ္ရာ ထန္းတပင္ၿမိဳ႕၊ မဟာ ဝိသုတာရာမေက်ာင္းႀကီးတိုက္ဆရာေတာ္ မဟာဂႏၳဝါစက အဂၢမဟာသဒၶမၼေဇာတိက ဓဇ ဘဒၵႏၲအာစိဏၰ အမွဴးျပဳေသာ သံဃာ ေတာ္မ်ား ၾကြေရာက္ေတာ္မူၾကသည္။

ဦးစြာ  ေတာင္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး    ဗိုလ္ခ်ဳပ္မ်ဳိးဝင္းႏွင့္   အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ေစတနာရွင္အလွဴရွင္မ်ား၊ ေဒသခံျပည္သူမ်ားက မဟာဝိသုတာရာမေက်ာင္းႀကီးတိုက္ဆရာေတာ္ထံမွ ငါးပါးသီလ ခံယူ ေဆာက္တည္ၾကၿပီး သံဃာေတာ္မ်ားထံမွ ေမတၱသုတ္ပရိတ္တရားေတာ္မ်ား နာယူကာ သံဃာေတာ္မ်ားအား သကၤန္း၊ လွဴဖြယ္ပစၥည္းမ်ားႏွင့္ ေန႔ဆြမ္းဆက္ကပ္ လွဴဒါန္းၾကသည္။

ထို႔ေနာက္     ရွင္သာမေဏမ်ားအား လွဴဖြယ္ပစၥည္းမ်ားေလာင္းလွဴပြဲကို ဆက္လက္ျပဳလုပ္ရာ တုိင္းမွဴးႏွင့္ အရာရွိ၊ စစ္ သည္၊ မိသားစုမ်ား၊ ေစတနာရွင္အလွဴရွင္ မ်ားက ရွင္သာမေဏအပါး ၁ဝဝဝ တို႔အား ဆြမ္းဆန္ေတာ္၊   လွဴဖြယ္ပစၥည္းမ်ားႏွင့္ နဝကမၼအလွဴေငြမ်ား ဆက္ကပ္ေလာင္းလွဴ ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တောင်ငူမြို့နယ်အတွင်းရှိ စာသင်တိုက်များနှင့် ဘုန်းတော်ကြီးကျောင်းများမှ စာသင်သားရှင်သာမဏေအပါး ၁ဝဝဝ တို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူ

နေပြည်တော်  စက်တင်ဘာ  ၁၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် အတွင်းရှိ စာသင်တိုက်များနှင့် ဘုန်းတော်ကြီးကျောင်းများမှ စာသင်သားရှင်သာမဏေ အပါး ၁ဝဝဝ တို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ပွဲကို စက်တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းတွင် တောင်ငူမြို့၊ သာသနာ့ဟိတကာရီဗိမာန် တော်ကြီး၌ပြုလုပ်ရာ ထန်းတပင်မြို့၊ မဟာ ဝိသုတာရာမကျောင်းကြီးတိုက်ဆရာတော် မဟာဂန္ထဝါစက အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တအာစိဏ္ဏ အမှူးပြုသော သံဃာ တော်များ ကြွရောက်တော်မူကြသည်။

ဦးစွာ  တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး    ဗိုလ်ချုပ်မျိုးဝင်းနှင့်   အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စေတနာရှင်အလှူရှင်များ၊ ဒေသခံပြည်သူများက မဟာဝိသုတာရာမကျောင်းကြီးတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး သံဃာတော်များထံမှ မေတ္တသုတ်ပရိတ်တရားတော်များ နာယူကာ သံဃာတော်များအား သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက်     ရှင်သာမဏေများအား လှူဖွယ်ပစ္စည်းများလောင်းလှူပွဲကို ဆက်လက်ပြုလုပ်ရာ တိုင်းမှူးနှင့် အရာရှိ၊ စစ် သည်၊ မိသားစုများ၊ စေတနာရှင်အလှူရှင် များက ရှင်သာမဏေအပါး ၁ဝဝဝ တို့အား ဆွမ်းဆန်တော်၊   လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လောင်းလှူ ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News