





(Unicode Version)

ဘုတ်ပြင်းမြို့နယ်၊ ခဲမိုင်းကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော်   စက်တင်ဘာ   ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်း မြို့နယ်၊ ခဲမိုင်းကျေးရွာရှိ ဒေသခံပြည်သူ များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ အခြေခံ ပညာအလယ်တန်း ကျောင်းခွဲ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံပြည်သူ ၁၆၃ ဦးတို့ကို သွေးတိုးရောဂါ၊  နှလုံးရောဂါ၊  အရိုး/ အကြောရောဂါ၊ အရေပြားရောဂါ၊ ကျောက်ကပ်ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ၊  အထွေထွေရောဂါတို့နှင့် ပတ်သက်၍     လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ နှလုံးခုန်နှုန်းစစ်ဆေးခြင်းနှင့် ဆီးချို၊ သွေးချိုစစ်ဆေးပေးခြင်း များ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဆေးကုသရေးအဖွဲ့က ဒေသခံ ပြည်သူများအား H1N1 ရာသီတုပ်ကွေးရောဂါအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News