



(Unicode Version)

မိုင်းဖြတ်မြို့၊ ပြည်သူ့ဆေးရုံ၌ အသားငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥများနှင့် တပ်မတော်စက်ရုံထုတ်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် သက်သာသော ဈေးနှုန်းများဖြင့် ရာင်းချ

နေပြည်တော်  စက်တင်ဘာ  ၁၂

တပ်မတော်သားမိသားစုဝင်များနှင့် ဒေသခံပြည်သူများ    စားသောက်ရေး အဆင်ပြေပြီး ငွေကြေးသက်သာမှုရှိစေရန် နှင့်   ဒေသတွင်းစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်မှုရှိစေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ ရှမ်း ပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ ပြည်သူ့ဆေးရုံ၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား စက်တင်ဘာ ၁၁ ရက်တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ မိုင်းဖြတ်တပ်နယ်မှ တပ်ရင်း/တပ်ဖွဲ့များက အသားငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥများနှင့် တပ်မတော်စက်ရုံထုတ်စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက်  သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News