ဟုမၼလင္းၿမိဳ႔နယ္၊ ေမာင္းခမ္းေက်းရြာ၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

ဟုမၼလင္းၿမိဳ႔နယ္၊ ေမာင္းခမ္းေက်းရြာ၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္   စက္တင္ဘာ   ၁၂

စစ္ကိုင္းတိုင္းေဒသႀကီး၊ ဟုမၼလင္းၿမိဳ႕နယ္၊ ေမာင္းခမ္းေက်းရြာရွိ   သံဃာေတာ္မ်ား၊ ရွင္သာမေဏမ်ားႏွင့္ အေျခခံပညာအထက္တန္းေက်ာင္းရွိ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ေက်းရြာရွိ သံဃာေတာ္မ်ားႏွင့္   ေဒသခံျပည္သူမ်ားအား စက္တင္ဘာ ၁၁ ရက္ နံနက္ပိုင္းတြင္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရးအဖြဲ႕က  အဆိုပါေက်ာင္းႏွင့္ ရတနာသိဂႌဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က   ဆရာ၊   ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၁၆၁၁ ဦးတို႔ကို လုိအပ္သည့္ က်န္းမာေရးစစ္ေဆးေပးျခင္း၊ သံဃာေတာ္မ်ားႏွင့္ ရွင္သာမေဏ စုစုေပါင္း၁၉ ပါးႏွင့္ ေဒသခံျပည္သူ ၁၄၉ ဦးတို႔ကို မ်က္စိေရာဂါ၊   သြားႏွင့္ခံတြင္းေရာဂါ၊ ခြဲစိတ္ကုသမႈဆိုင္ရာေရာဂါ၊ သားဖြား/ မီးယပ္ေရာဂါ၊ အေရျပားေရာဂါ၊ အ႐ိုး/ အေၾကာေရာဂါ၊ ကေလးေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍  လုိအပ္သည့္ က်န္းမာေရးစစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး  ေဆး႐ံုတက္ေရာက္ ကုသရန္ လိုအပ္သူႏွစ္ဦးကို ဟုမၼလင္းၿမိဳ႕ရွိ နယ္ေျမခံတပ္မေတာ္ေဆး႐ံုသုိ႔ တက္ေရာက္ကုသႏိုင္ေရး စီစဥ္ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဟုမ္မလင်းမြို့နယ်၊ မောင်းခမ်းကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော်   စက်တင်ဘာ   ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မောင်းခမ်းကျေးရွာရှိ   သံဃာတော်များ၊ ရှင်သာမဏေများနှင့် အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာရှိ သံဃာတော်များနှင့်   ဒေသခံပြည်သူများအား စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က  အဆိုပါကျောင်းနှင့် ရတနာသိင်္ဂီဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က   ဆရာ၊   ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၆၁၁ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သံဃာတော်များနှင့် ရှင်သာမဏေ စုစုပေါင်း၁၉ ပါးနှင့် ဒေသခံပြည်သူ ၁၄၉ ဦးတို့ကို မျက်စိရောဂါ၊   သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ အရေပြားရောဂါ၊ အရိုး/ အကြောရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍  လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး  ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူနှစ်ဦးကို ဟုမ္မလင်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News