အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေသူများကို ကြည့်ရှုအားပေး

ေအာင္ပန္းၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံု၌ တက္ေရာက္ကုသမႈ ခံယူေနသူမ်ားကို ၾကည့္႐ႈအားေပး

ေနျပည္ေတာ္   စက္တင္ဘာ   ၁၂

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေအာင္ပန္း ၿမိဳ႕ရွိ   တပ္မေတာ္ေဆး႐ံု၌  တက္ေရာက္ကုသမႈခံယူလ်က္ရွိေသာ သံဃာေတာ္မ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ စစ္မႈထမ္း ေဟာင္းအဖဲြ႕ဝင္မ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေရွ႕ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴးဗိုလ္ခ်ဳပ္လင္းေအာင္ႏွင့္အဖြဲ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈ၍ တစ္ဦးခ်င္း၏ေရာဂါျဖစ္ပြားမႈမ်ား၊ ေဆးကုသေပးထားမႈႏွင့္ က်န္းမာေရးတုိးတက္မႈ အေျခအေနမ်ားအား ေမးျမန္း အားေပးစကား ေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။

ထို႔ေနာက္ တုိင္းမွဴးႏွင့္အဖဲြ႕ဝင္မ်ားသည္ တည္ေဆာက္ဆဲကုသေဆာင္မ်ားျဖစ္သည့္ ကင္ဆာကုသေဆာင္၊ ကာယကုသေဆာင္၊ ဦးေႏွာက္ႏွင့္ အာ႐ံုေၾကာခြဲစိတ္ကုသေဆာင္ႏွင့္ ႏွလံုးေဆးကုသေဆာင္တို႔ကို လွည့္လည္ ၾကည့္႐ႈ၍ လိုအပ္သည္မ်ားညိႇႏႈိင္းေဆာင္ ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေသူများကို ကြည့်ရှုအားပေး

နေပြည်တော်   စက်တင်ဘာ   ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်း မြို့ရှိ   တပ်မတော်ဆေးရုံ၌  တက်ရောက်ကုသမှုခံယူလျက်ရှိသော သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်လင်းအောင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှုများ၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများအား မေးမြန်း အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် တည်ဆောက်ဆဲကုသဆောင်များဖြစ်သည့် ကင်ဆာကုသဆောင်၊ ကာယကုသဆောင်၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသဆောင်နှင့် နှလုံးဆေးကုသဆောင်တို့ကို လှည့်လည် ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News