ေတာင္က်ေခ်ာင္းေရဝင္ေရာက္ခဲ့သည့္ ေက်းရြာမ်ားရွိ အေျခခံပညာေက်ာင္းမ်ား၌ စုေပါင္းသန႔္ရွင္းေရးျပဳလုပ္

ေတာင္က်ေခ်ာင္းေရဝင္ေရာက္ခဲ့သည့္ ေက်းရြာမ်ားရွိ အေျခခံပညာေက်ာင္းမ်ား၌ စုေပါင္းသန႔္ရွင္းေရးျပဳလုပ္

ေနျပည္ေတာ္   စက္တင္ဘာ   ၁၂

ရန္ကုန္တိုင္းေဒသႀကီး၊ တိုက္ႀကီးၿမိဳ႕နယ္အတြင္း မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ ဖလံုဘူတာေက်းရြာအုပ္စုရွိ   ေတာင္က်ေခ်ာင္းေရက်ဆင္းကာ ဖလံုဘူတာေက်းရြာ၊ စက္ႀကီးေက်းရြာ၊   ၿမိဳ႕ကြက္ေက်းရြာႏွင့္ ေညာင္ဝိုင္းေက်းရြာမ်ား အတြင္းသို႔ ေရဝင္ေရာက္မႈမ်ား ျဖစ္ေပၚခဲ့သည္။

ယခုအခါ ေရမ်ားျပန္လည္က်ဆင္းသြားခဲ့ၿပီး ေရဝင္ေရာက္မႈျဖစ္ေပၚခဲ့သည့္ ဖလံုဘူတာေက်းရြာ အေျခခံပညာ အထက္တန္းေက်ာင္းခြဲ၌ စက္တင္ဘာ ၁၁ ရက္ နံနက္ပိုင္းတြင္ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္၊ တိုက္ႀကီး တပ္နယ္မွ တပ္မေတာ္သားမ်ားက ေက်ာင္း ဝင္းအတြင္း   ေရေျမာင္းမ်ား  ျပန္လည္တူးေဖာ္ေပးျခင္း၊ ခ်ဳံႏြယ္ေပါင္းျမက္မ်ား ခုတ္ထြင္ရွင္းလင္းျခင္းႏွင့္   အမႈိက္မ်ား ရွင္းလင္းျခင္းတို႔အား စုေပါင္းေဆာင္ရြက္ေပးသည္။

အလားတူ မဂၤလာဒံုၿမိဳ႕နယ္၊ ေစ်းရပ္ကြက္ရွိ အမွတ္(၁)အေျခခံပညာမူလတန္းေက်ာင္း   ပတ္ဝန္းက်င္သန္႔ရွင္းသာယာ လွပေရးအတြက္  ယေန႔နံနက္ပိုင္းတြင္ မဂၤလာဒံုတပ္နယ္မွ တပ္မေတာ္သားမ်ားက  ေက်ာင္းဝင္းအတြင္း/အျပင္ရွိ ခ်ဳံႏြယ္ေပါင္းျမက္မ်ား ခုတ္ထြင္ရွင္းလင္းျခင္းႏွင့္ အမႈိက္မ်ားရွင္းလင္းျခင္းတို႔    ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တောင်ကျချောင်းရေဝင်ရောက်ခဲ့သည့် ကျေးရွာများရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်   စက်တင်ဘာ   ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖလုံဘူတာကျေးရွာအုပ်စုရှိ   တောင်ကျချောင်းရေကျဆင်းကာ ဖလုံဘူတာကျေးရွာ၊ စက်ကြီးကျေးရွာ၊   မြို့ကွက်ကျေးရွာနှင့် ညောင်ဝိုင်းကျေးရွာများ အတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ယခုအခါ ရေများပြန်လည်ကျဆင်းသွားခဲ့ပြီး ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် ဖလုံဘူတာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုက်ကြီး တပ်နယ်မှ တပ်မတော်သားများက ကျောင်း ဝင်းအတွင်း   ရေမြောင်းများ  ပြန်လည်တူးဖော်ပေးခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့်   အမှိုက်များ ရှင်းလင်းခြင်းတို့အား စုပေါင်းဆောင်ရွက်ပေးသည်။

အလားတူ မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း   ပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပရေးအတွက်  ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံတပ်နယ်မှ တပ်မတော်သားများက  ကျောင်းဝင်းအတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များရှင်းလင်းခြင်းတို့    ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News