ေခ်ာင္းေရႀကီး၍ တံတားပ်က္စီးသျဖင္႕ သြားလာေရး အခက္အခဲျဖစ္ေပၚေနေသာ ေဒသခံျပည္သူမ်ားအား တပ္မေတာ္ မွ ဖိုက္ဘာ ေလွမ်ားျဖင့္ ဆက္လက္ ကူညီပို့ေဆာင္

ေခ်ာင္းေရႀကီး၍ တံတားပ်က္စီးသျဖင္႕ သြားလာေရး အခက္အခဲျဖစ္ေပၚေနေသာ ေဒသခံျပည္သူမ်ားအား တပ္မေတာ္ မွ ဖိုက္ဘာ ေလွမ်ားျဖင့္ ဆက္လက္ ကူညီပို့ေဆာင္

ေနျပည္ေတာ္  စက္တင္ဘာ  ၁၂

ပဲခူးတုိင္းေဒသႀကီး၊ ျဖဴးၿမိဳ႕နယ္အတြင္း မိုးသည္းထန္စြာ ရြာသြန္းၿပီး   ျဖဴးေခ်ာင္း ေရႀကီးမႈေၾကာင့္ ၀ဲႀကီးေက်းရြာအုပ္စု၊ ၀ဲႀကီးေတာင္ရြာႏွင့္ ၀ဲႀကီးေျမာက္ရြာၾကားရွိ ျဖဴးေခ်ာင္းတံတား ပ်က္စီးမႈျဖစ္ေပၚခဲ့သျဖင့္ သြားလာေရး အခက္အခဲ ျဖစ္ေပၚလ်က္ရွိရာ တပ္မေတာ္မွ    ဖိုက္ဘာစက္ေလွမ်ားျဖင့္ ကူညီပို႔ေဆာင္ ေပးလ်က္ရွိသည္။

ထုိသို႔ေဆာင္ရြက္ ေပးလ်က္ရွိရာ ယေန႔ တြင္ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၁၈၃ ဦးႏွင့္ ေက်းရြာေန ေဒသခံ ျပည္သူ ၈၈၅ ဦးတုိ႔ကို ေတာင္ပိုင္းတုိင္းစစ္ ဌာနခ်ဳပ္၊ အုတ္တြင္း တပ္နယ္မွ တပ္မေတာ္ သားမ်ားက  ဖိုက္ဘာ စက္ေလွမ်ားျဖင့္ ဆက္လက္ကူညီ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။   

(Unicode Version)

ချောင်းရေကြီး၍ တံတားပျက်စီးသဖြင့် သွားလာရေး အခက်အခဲဖြစ်ပေါ်နေသော ဒေသခံပြည်သူများအား တပ်မတော် မှ ဖိုက်ဘာ လှေများဖြင့် ဆက်လက် ကူညီပို့ဆောင်

နေပြည်တော်  စက်တင်ဘာ  ၁၂

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး   ဖြူးချောင်း ရေကြီးမှုကြောင့် ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီးတောင်ရွာနှင့် ဝဲကြီးမြောက်ရွာကြားရှိ ဖြူးချောင်းတံတား ပျက်စီးမှုဖြစ်ပေါ်ခဲ့သဖြင့် သွားလာရေး အခက်အခဲ ဖြစ်ပေါ်လျက်ရှိရာ တပ်မတော်မှ    ဖိုက်ဘာစက်လှေများဖြင့် ကူညီပို့ဆောင် ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၁၈၃ ဦးနှင့် ကျေးရွာနေ ဒေသခံ ပြည်သူ ၈၈၅ ဦးတို့ကို တောင်ပိုင်းတိုင်းစစ် ဌာနချုပ်၊ အုတ်တွင်း တပ်နယ်မှ တပ်မတော် သားများက  ဖိုက်ဘာ စက်လှေများဖြင့် ဆက်လက်ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။  

Recent News