




(Unicode Version)

လွိုင်ကော်မြို့၊ လောပိတစံပြကျေးရွာရှိ သံဃာ့ဂုဏ်ရည်ပုညဝတီစိန်တစ်လုံးတောရ ပဋိစ္စသမုပ္ပာဒ်သင်တန်းကျောင်းရှိ သံဃာတော်များနှင့် ယောဂီများအား ဆေးဝါးကုသပေး

နေပြည်တော်   စက်တင်ဘာ   ၁၂

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မထော ခူကျေးရွာအုပ်စု၊ လောပိတစံပြကျေးရွာရှိ သံဃာတော်များနှင့် ယောဂီများအား ယနေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ သံဃာ့ဂုဏ်ရည်ပုညဝတီစိန်တစ် လုံးတောရပဋိစ္စသမုပ္ပာဒ်သင်တန်းကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော် ၂၁၅ ပါးနှင့် ယောဂီ ၂ဝ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အရိုး/အကြောရောဂါ၊ နှလုံးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အရေပြားရောဂါ၊မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ  ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News