





(Unicode Version)

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်းလက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော် စက်တင်ဘာ ၁၃

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၁၉ ခုနှစ်၊ တိုင်းမှူးဒိုင်းလက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်းနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဖွင့်ပွဲတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများနှင့် အတူ ပထမနေ့ပွဲစဉ်များ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါလက်ဝှေ့ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းမှ ပြိုင်ပွဲဝင်အားကစားသမား ၁၁၀ ဦးတို့ဖြင့် စက်တင်ဘာ ၂၀ ရက်အထိ ယှဉ်ပြိုင်ကစားသွား မည် ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News