အေရွ႔ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၏ ျမန္မာ့သိုင္းအေျခခံသင္တန္းဆင္းပြဲျပဳလုပ္

အေရွ႔ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၏ ျမန္မာ့သိုင္းအေျခခံသင္တန္းဆင္းပြဲျပဳလုပ္

ေနျပည္ေတာ္ စက္တင္ဘာ ၁၃

အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၏ ျမန္မာ့သိုင္းအေျခခံသင္တန္း အမွတ္စဥ္(၂/၂၀၁၉)ဆင္းပြဲကို ယေန႔နံနက္ပိုင္းတြင္ တိုင္းစစ္ဌာနခ်ဳပ္၊ အားကစားခန္းမ၌ ျပဳလုပ္ရာ တိုင္းမွဴး ဗိုလ္ခ်ဳပ္လင္းေအာင္ႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ သင္တန္းနည္းျပမ်ားႏွင့္ သင္တန္းသားမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တိုင္းမွဴးက သင္တန္းဆင္းအမွာစကားေျပာၾကားၿပီး သင္တန္းတြင္ ထူးခြ်န္ဆုရရွိသူမ်ားႏွင့္ နည္းျပမ်ားအား ဂုဏ္ျပဳဆုမ်ား အသီးသီးေပးအပ္သည္။ ထို႔ေနာက္တိုင္းမွဴးႏွင့္ တက္ေရာက္ လာၾကသူမ်ားက သင္တန္းသားမ်ား၏ ဗန္တိုအေျခခံ ၆၃ နည္းပညာ၊ အေျခခံတုတ္ၾကမ္း ၅၀ ပညာရပ္၊ ဓားႏွစ္လက္(ဓားဟန္ ၉) ပါး နည္းပညာ၊ စစ္ေျမျပင္ကင္းေစာင့္တိုက္ခိုက္ျခင္းနည္းပညာ၊ ခ်ဳပ္နည္းႏွင့္ ျဖည္နည္း အစရွိေသာ ျမန္မာ့သိုင္းစြမ္းရည္သ႐ုပ္ျပသမႈမ်ားကို ၾကည့္႐ႈအားေပးၾကသည္။

အဆိုပါသင္တန္းကို တိုင္းစစ္ဌာနခ်ဳပ္၊ ကြပ္ကဲမႈေအာက္ တပ္ရင္း/တပ္ဖြဲ႕မ်ားမွ သင္တန္းသား ၁၀၆ ဦးျဖင့္ ဩဂုတ္ ၅ ရက္မွ ယေန႔အထိ ေလ့က်င့္သင္ၾကားေပးခဲ့ျခင္း ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ မြန်မာ့သိုင်းအခြေခံသင်တန်းဆင်းပွဲပြုလုပ်

နေပြည်တော် စက်တင်ဘာ ၁၃

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ မြန်မာ့သိုင်းအခြေခံသင်တန်း အမှတ်စဉ်(၂/၂၀၁၉)ဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများနှင့် နည်းပြများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်သည်။ ထို့နောက်တိုင်းမှူးနှင့် တက်ရောက် လာကြသူများက သင်တန်းသားများ၏ ဗန်တိုအခြေခံ ၆၃ နည်းပညာ၊ အခြေခံတုတ်ကြမ်း ၅၀ ပညာရပ်၊ ဓားနှစ်လက်(ဓားဟန် ၉) ပါး နည်းပညာ၊ စစ်မြေပြင်ကင်းစောင့်တိုက်ခိုက်ခြင်းနည်းပညာ၊ ချုပ်နည်းနှင့် ဖြည်နည်း အစရှိသော မြန်မာ့သိုင်းစွမ်းရည်သရုပ်ပြသမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါသင်တန်းကို တိုင်းစစ်ဌာနချုပ်၊ ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ သင်တန်းသား ၁၀၆ ဦးဖြင့် ဩဂုတ် ၅ ရက်မှ ယနေ့အထိ လေ့ကျင့်သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News