က်ိဳင္းတံုၿမိဳ႕၊ ဝါတြင္းကာလစုေပါင္းဆြမ္းေလာင္းလွဴပြဲျပဳလုပ္

က်ိဳင္းတံုၿမိဳ႕၊ ဝါတြင္းကာလစုေပါင္းဆြမ္းေလာင္းလွဴပြဲျပဳလုပ္

ေနျပည္ေတာ္ စက္တင္ဘာ ၁၃

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ိဳင္းတံုၿမိဳ႕၊ ဝါတြင္းကာလစုေပါင္းဆြမ္းေလာင္းလွဴပြဲကို ယေန႔နံနက္ပိုင္း တြင္ မဟာျမတ္မုနိဘုရားႀကီး၌ ျပဳလုပ္ရာ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး ဗိုလ္ခ်ဳပ္ခင္လိႈင္ႏွင့္ အဖြဲ႕ဝင္မ်ား၊ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ ေစတနာရွင္ အလွဴရွင္မ်ား တက္ေရာက္ေလာင္းလွဴၾကသည္။

ဦးစြာ တိုင္းမွဴးႏွင့္ တက္ေရာက္လာၾကသူမ်ားက မဟာျမတ္မုနိဘုရားႀကီးအား မ်က္ႏွာေတာ္သစ္ျခင္း၊ ဆြမ္း၊  ပန္း ၊ ေရခ်မ္းကပ္လွဴပူေဇာ္ျခင္းႏွင့္ အေမႊးနံ႔သာတိုင္၊ ဆီမီးတိုင္မ်ား ထြန္းညႇိပူေဇာ္ျခင္းတို႔ကို ေဆာင္ရြက္ၾကသည္။

ထို႔ေနာက္ တုိင္းမွဴးႏွင့္ တက္ေရာက္ၾကသူမ်ားက က်ိဳင္းတံုၿမိဳ႕ေပၚရွိ ေက်ာင္းတိုက္ေပါင္း ၂၁ တိုက္မွ သံဃာေတာ္မ်ား ႏွင့္ရွင္သာမေဏ ၂၄၉ ပါးႏွင့္ သာသနာ့အႏြယ္ဝင္ သီလရွင္ ၁၅ ပါးတို႔အား စုေပါင္း ဆြမ္းေလာင္းလွဴခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကျိုင်းတုံမြို့၊ ဝါတွင်းကာလစုပေါင်းဆွမ်းလောင်းလှူပွဲပြုလုပ်

နေပြည်တော် စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဝါတွင်းကာလစုပေါင်းဆွမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်း တွင် မဟာမြတ်မုနိဘုရားကြီး၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာရှင် အလှူရှင်များ တက်ရောက်လောင်းလှူကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာမြတ်မုနိဘုရားကြီးအား မျက်နှာတော်သစ်ခြင်း၊ ဆွမ်း၊  ပန်း ၊ ရေချမ်းကပ်လှူပူဇော်ခြင်းနှင့် အမွှေးနံ့သာတိုင်၊ ဆီမီးတိုင်များ ထွန်းညှိပူဇော်ခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် တိုင်းမှူးနှင့် တက်ရောက်ကြသူများက ကျိုင်းတုံမြို့ပေါ်ရှိ ကျောင်းတိုက်ပေါင်း ၂၁ တိုက်မှ သံဃာတော်များ နှင့်ရှင်သာမဏေ ၂၄၉ ပါးနှင့် သာသနာ့အနွယ်ဝင် သီလရှင် ၁၅ ပါးတို့အား စုပေါင်း ဆွမ်းလောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News