ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္ဇနီး ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕ အိႏၵိယႏုိင္ငံမွ ျပန္လည္ေရာက္ရွိ

 

ေနျပည္ေတာ္၊ စက္တင္ဘာ - ၂၁

အိႏၵိယၾကည္းတပ္ဦးစီးခ်ဳပ္ General Bipin Rawat ႏွင့္ဇနီးတုိ႕၏ ဖိတ္ၾကား ခ်က္အရ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုး၀င္းႏွင့္ဇနီး ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရး ကိုယ္စားလွယ္အဖြဲ႕သည္ အိႏၵိယႏုိင္ငံ၊ ပူေနးၿမိဳ႕၌ က်င္းပျပဳလုပ္သည့္ BIMSTEC Army Chief’s Conclave အစည္းအေ၀းသို႕ တက္ေရာက္ခဲ့ၿပီး အိႏၵိယႏုိင္ငံသို႕ တရား၀င္  ခ်စ္ၾကည္ေရးခရီးစဥ္ သြားေရာက္ခဲ့ရာမွ ေဒသစံေတာ္ခ်ိန္ ယေန႔နံနက္ ၁၀ နာရီခြဲတြင္ ျပန္လည္ ထြက္ခြာၾကရာ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕အား အိႏၵိယၾကည္းတပ္၊ အေရွ႕ပိုင္းတုိင္းစစ္ဌာနခ်ဳပ္မွ တာ၀န္ရွိသူမ်ားႏွင့္ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗိုလ္မွဴးခ်ဳပ္ သိန္းေဇာ္ႏွင့္ဇနီးတုိ႕က ကိုးလ္ကတၱားေလဆိပ္၌ ပို႕ေဆာင္ႏႈတ္ဆက္ခဲ့ၾကသည္။

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ဇနီး ဦးေဆာင္ေသာ ျမန္မာ့ တပ္မေတာ္ခ်စ္ၾကည္ေရးကုိယ္စားလွယ္အဖြဲ႕သည္ အိႏၵိယႏိုင္ငံ၊ ကိုးလ္ကကၠားေလဆိပ္၊ ဂါယာေလဆိပ္ တို႕မွတစ္ဆင့္ ယေန႕ညေနပိုင္းတြင္ ရန္ကုန္ၿမိဳ႕သို႕ ျပန္လည္ေရာက္ရွိၾကသည္။

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ဇနီး ဦးေဆာင္ေသာ ျမန္မာ့ တပ္မေတာ္ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕အား ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ သက္ပံုႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာႏိုင္ငံဆုိင္ရာ  အိႏၵိယႏုိင္ငံသံ႐ံုးမွ သံ႐ံုးဒုတိယအႀကီးအကဲ Dr. Sumit Seth၊ေရတပ္စစ္သံမွဴး Captain Manmeet Singh Khurana   ႏွင့္တာ၀န္ရွိသူတုိ႕က ရန္ကုန္ အျပည္ျပည္ဆုိင္ရာေလဆိပ္၌ ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

အဆုိပါခရီးစဥ္တြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတုိ႕ႏွင့္အတူ  အဖြဲ႕အျဖစ္လုိက္ပါ သြားၾက သည့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား ျပန္လည္လုိက္ပါလာၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ စက်တင်ဘာ - ၂၁

အိန္ဒိယကြည်းတပ်ဦးစီးချုပ် General Bipin Rawat နှင့်ဇနီးတို့၏ ဖိတ်ကြား ချက်အရ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ၊ ပူနေးမြို့၌ ကျင်းပပြုလုပ်သည့် BIMSTEC Army Chief’s Conclave အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံသို့ တရားဝင်  ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ရာမှ ဒေသစံတော်ချိန် ယနေ့နံနက် ၁၀ နာရီခွဲတွင် ပြန်လည် ထွက်ခွာကြရာ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယကြည်းတပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် သိန်းဇော်နှင့်ဇနီးတို့က ကိုးလ်ကတ္တားလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး ဦးဆောင်သော မြန်မာ့ တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ၊ ကိုးလ်ကက္ကားလေဆိပ်၊ ဂါယာလေဆိပ် တို့မှတစ်ဆင့် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး ဦးဆောင်သော မြန်မာ့ တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ  အိန္ဒိယနိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲ Dr. Sumit Seth၊ရေတပ်စစ်သံမှူး Captain Manmeet Singh Khurana   နှင့်တာဝန်ရှိသူတို့က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါခရီးစဉ်တွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့နှင့်အတူ  အဖွဲ့အဖြစ်လိုက်ပါ သွားကြ သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ ပြန်လည်လိုက်ပါလာကြကြောင်း သတင်းရရှိသည်။

Recent News