
 




(Unicode Version)

သပိတ်ကျင်းမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူနေသူများကို ကြည့်ရှုအားပေး

နေပြည်တော်  စက်တင်ဘာ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့ရှိ  တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူ လျက်ရှိသောအရာရှိ၊စစ်သည်၊ မိသားစုများအား ယနေ့နေ့လယ်ပိုင်းတွင် အလယ် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်း နှင့်အဖွဲ့ဝင်များက   သွားရောက်ကြည့်ရှု၍     တစ်ဦးချင်း၏ ကျန်းမာရေးအခြေအနေများ၊  ဆေးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက် မှုအခြေအနေ များကို  ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။      

       

Recent News