နမ္႕စန္ၿမိဳ႕၊ ၿမိဳ႕ဦး အေျခခံပညာ အထက္တန္းေက်ာင္းခြဲ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

 

နမ္႕စန္ၿမိဳ႕၊ ၿမိဳ႕ဦး အေျခခံပညာ အထက္တန္းေက်ာင္းခြဲ၌ က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္ စက္တင္ဘာ ၁၆

ရွမ္းျပည္နယ္(ေတာင္ပုိင္း)၊ နမ့္စန္ၿမိဳ႕၊ ၿမိဳ႕ဦး အေျခခံပညာ အထက္တန္းေက်ာင္းခြဲမွ ဆရာ၊ ဆရာမမ်ားႏွင့္  ေက်ာင္းသား၊ ေက်ာင္းသူ မ်ားအား ယေန႔နံနက္ပုိင္းတြင္ အေရွ႕အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါ ေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား  ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူမ်ား အား  ေပါင္ခ်ိန္ျခင္း၊   အရပ္တုိင္း ျခင္းႏွင့္ တစ္ကုိယ္ေရ သန္႔ရွင္းေရး စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ဆရာ၊ ဆရာမ ေလးဦးႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ ၂၀၄ ဦးတို႔ကို အေရျပားေရာဂါ၊  အ႐ုိး/အေၾကာေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္း ေရာဂါ၊   သြားႏွင့္ ခံတြင္းေရာဂါ၊   ရာသီ တုပ္ေကြးေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍  လိုအပ္သည့္ေဆး၀ါးကုသေပး ျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။  

(Unicode Version)

နမ့်စန်မြို့၊ မြို့ဦး အခြေခံပညာ အထက်တန်းကျောင်းခွဲ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့၊ မြို့ဦး အခြေခံပညာ အထက်တန်းကျောင်းခွဲမှ ဆရာ၊ ဆရာမများနှင့်  ကျောင်းသား၊ ကျောင်းသူ များအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ  ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများ အား  ပေါင်ချိန်ခြင်း၊   အရပ်တိုင်း ခြင်းနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆရာ၊ ဆရာမ လေးဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၂၀၄ ဦးတို့ကို အရေပြားရောဂါ၊  အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ၊   သွားနှင့် ခံတွင်းရောဂါ၊   ရာသီ တုပ်ကွေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍  လိုအပ်သည့်ဆေးဝါးကုသပေး ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။  

 

Recent News