ဆရာ၊ ဆရာမမ်ားႏွင္႕ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္၊ က်န္းမာေရး အသိပညာေပး ေဟာေျပာေဆြးေႏြး

 

ဆရာ၊ ဆရာမမ်ားႏွင္႕ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား က်န္းမာေရးေစာင္႕ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္၊ က်န္းမာေရး အသိပညာေပး ေဟာေျပာေဆြးေႏြး

ေနျပည္ေတာ္  စက္တင္ဘာ  ၁၆

စစ္ကိုင္းတုိင္းေဒသႀကီး၊   ၀န္းသိုၿမိဳ႕၊ မက်ည္းကုန္းအုပ္စု၊ အထက္တန္းေက်ာင္းခြဲ(တပ္နယ္)မွ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊  ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား  ယေန႔နံနက္ပုိင္းတြင္ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ ေဆးကုသေရး အဖြဲ႕က  အဆိုပါေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္ မႈလုပ္ငန္းမ်ားႏွင့္ က်န္းမာေရး အသိပညာေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပး သည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖဲြ႕က ဆရာ၊ ဆရာမ ၂၅ ဦး၊ ေက်ာင္း သား၊ ေက်ာင္းသူ ၂၄၄ ဦးႏွင့္ ေဒသခံျပည္သူ  ၃၂ ဦးတို႔ကို မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္း ေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊  အေရျပားေရာဂါ၊   အ႐ိုး/ အေၾကာေရာဂါ၊ ကေလးေရာဂါ၊   အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္က်န္းမာေရးစစ္ေဆး ကုသ ေပးျခင္းမ်ား ေဆာင္ရြက္ေပးၿပီး ရာသီ တုပ္ေကြးေရာဂါႏွင့္ ၀မ္းပ်က္၀မ္းေလွ်ာ ေရာဂါမ်ားအေၾကာင္း က်န္းမာေရး အသိပညာေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ထို႔ျပင္ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား နယ္ေျမခံ တပ္မေတာ္ သားမ်ားႏွင့္  မိသားစု မ်ားက တပ္ပိုင္စိုက္ပ်ဳိးေမြးျမဴေရးလုပ္ငန္း မ်ားမွထြက္ရွိသည့္  ၾကက္ဥမ်ားကို  ျပင္ပ ေပါက္ေစ်း ထက္ သက္သာ ေသာ ေစ်းႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်၊ ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေး

နေပြည်တော်  စက်တင်ဘာ  ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊   ဝန်းသိုမြို့၊ မကျည်းကုန်းအုပ်စု၊ အထက်တန်းကျောင်းခွဲ(တပ်နယ်)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊  ကျောင်းသူများနှင့် ဒေသခံပြည်သူများအား  ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က  အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေး သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဆရာ၊ ဆရာမ ၂၅ ဦး၊ ကျောင်း သား၊ ကျောင်းသူ ၂၄၄ ဦးနှင့် ဒေသခံပြည်သူ  ၃၂ ဦးတို့ကို မျက်စိရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊  အရေပြားရောဂါ၊   အရိုး/ အကြောရောဂါ၊ ကလေးရောဂါ၊   အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေး ကုသ ပေးခြင်းများ ဆောင်ရွက်ပေးပြီး ရာသီ တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား နယ်မြေခံ တပ်မတော် သားများနှင့်  မိသားစု များက တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များမှထွက်ရှိသည့်  ကြက်ဥများကို  ပြင်ပ ပေါက်ဈေး ထက် သက်သာ သော ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News