ကေလာၿမိဳ႕နယ္၊ ေဘာ္ဆုိင္းေက်းရြာမွ ေဒသခံတုိင္းရင္းသား ျပည္သူမ်ားအား က်န္းမာေရးစစ္ေဆးကုသ

 

ကေလာၿမိဳ႕နယ္၊ ေဘာ္ဆုိင္းေက်းရြာမွ ေဒသခံတုိင္းရင္းသား ျပည္သူမ်ားအား က်န္းမာေရးစစ္ေဆးကုသ

ေနျပည္ေတာ္  စက္တင္ဘာ  ၁၆

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ကေလာၿမိဳ႕နယ္၊ ေဘာ္ဆုိင္းေက်းရြာႏွင့္ ပတ္ဝန္းက်င္ေက်းရြာမ်ားမွ ေဒသခံ တုိင္းရင္းသားျပည္သူမ်ားအား ယေန႔နံနက္ပိုင္းတြင္ အေရွ႕ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ေဆးကုသေရး အဖြဲ႕က အဆုိပါေက်းရြာရွိ ေရႊျမစည္ဘုရားနီေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ဦးစြာ ေဆးကုသေရးအဖြဲ႕က ေဒသခံတုိင္းရင္းသား ျပည္သူ ၆၃၁ ဦးတုိ႔ကို သြားႏွင့္ခံတြင္းေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ သားဖြား/မီးယပ္ေရာဂါ၊  အေရျပားေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ေဆးဝါးကုသမႈမ်ားႏွင့္ ဒစ္ဂ်စ္တယ္ဓာတ္မွန္႐ိုက္ကူးေပးျခင္းႏွင့္ ECG စက္ျဖင့္   ႏွလံုးစမ္းသပ္စစ္ေဆးေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။ ထုိ႔ေနာက္ ေဒသခံတုိင္းရင္းသားျပည္သူမ်ားအား ရာသီတုပ္ေကြး ေရာဂါအေၾကာင္း က်န္းမာေရးအသိပညာေပး ေဟာေျပာေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ယင္းသို႔ ေဆာင္ရြက္ေပးေနမႈမ်ားကို  တုိင္းမွဴး ဗိုလ္ခ်ဳပ္လင္းေအာင္ ႏွင့္အဖြဲ႕ဝင္မ်ားက  သြားေရာက္ၾကည့္႐ႈ အားေပးၿပီး ေဆး႐ံုတက္ေရာက္ကုသရန္ လိုအပ္သူ ၃၆ ဦးတုိ႔ကို ကေလာၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ေရာက္ကုသႏုိင္ေရး   စီစဥ္ေဆာင္ရြက္ေပးသည္။

ထို႔ေနာက္ တုိင္းမွဴးႏွင့္အဖြဲ႕ဝင္မ်ားသည္ ေရႊျမစည္ ဘုရားနီေက်ာင္းဆရာေတာ္   ဘဒၵႏၲဥာဏိကအား ဖူးေျမာ္၍ လွဴဖြယ္ပစၥည္းမ်ားႏွင့္ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ ၃၂ ဆူကို ဆက္ကပ္လွဴဒါန္းၿပီး  ေဘာ္ဆုိင္းေက်းရြာ၊ အမွတ္(၆) အေျခခံပညာအထက္တန္းေက်ာင္းမွ ဆရာ၊ ဆရာမမ်ားအား စားေသာက္ဖြယ္ရာမ်ား  ေပးအပ္လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေးစစ်ဆေးကုသ

နေပြည်တော်  စက်တင်ဘာ  ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဘော်ဆိုင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ ရွှေမြစည်ဘုရားနီကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဦးစွာ ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသား ပြည်သူ ၆၃၁ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊  အရေပြားရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများနှင့် ဒစ်ဂျစ်တယ်ဓာတ်မှန်ရိုက်ကူးပေးခြင်းနှင့် ECG စက်ဖြင့်   နှလုံးစမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့နောက် ဒေသခံတိုင်းရင်းသားပြည်သူများအား ရာသီတုပ်ကွေး ရောဂါအကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို  တိုင်းမှူး ဗိုလ်ချုပ်လင်းအောင် နှင့်အဖွဲ့ဝင်များက  သွားရောက်ကြည့်ရှု အားပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၃၆ ဦးတို့ကို ကလောမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး   စီစဉ်ဆောင်ရွက်ပေးသည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ရွှေမြစည် ဘုရားနီကျောင်းဆရာတော်   ဘဒ္ဒန္တဉာဏိကအား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများနှင့် ဗုဒ္ဓရုပ်ပွားတော်မြတ် ၃၂ ဆူကို ဆက်ကပ်လှူဒါန်းပြီး  ဘော်ဆိုင်းကျေးရွာ၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများအား စားသောက်ဖွယ်ရာများ  ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News