ျမန္မာႏုိင္ငံစစ္မႈထမ္းေဟာင္းအဖဲြ႔ႏွင့္စိုက္ပ်ဳိးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္း၀န္ႀကီးဌာနတုိ႕  ပူးေပါင္း ဖြင့္လွစ္သည့္စိုက္ပ်ဳိးေရးႏွင့္ အေျခခံ ေမြးျမဴေရး သင္တန္းဖြင့္လွစ္

 

ျမန္မာႏုိင္ငံစစ္မႈထမ္းေဟာင္းအဖဲြ႔ႏွင့္စိုက္ပ်ဳိးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္း၀န္ႀကီးဌာနတုိ႕  ပူးေပါင္း ဖြင့္လွစ္သည့္စိုက္ပ်ဳိးေရးႏွင့္ အေျခခံ ေမြးျမဴေရး သင္တန္းဖြင့္လွစ္

ေနျပည္ေတာ္  စက္တင္ဘာ  ၁၆

စက္မႈႏွင့္သက္ေမြးပညာရပ္အေျခခံမ်ား တတ္ေျမာက္ေစရန္၊ စိုက္ပ်ဳိးေရး၊ ေမြးျမဴေရး၊ ကုန္ထုတ္ လုပ္ငန္းမ်ားႏွင့္    ႏိုင္ငံေတာ္၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို တစ္ဖက္တစ္လမ္းမွ ျဖည့္ဆည္းပံ့ပိုးေပးရန္ ရည္ရြယ္၍ ျမန္မာႏုိင္ငံ စစ္မႈထမ္း ေဟာင္း အဖဲြ႕ႏွင့္ စိုက္္ပ်ဳိးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီး ဌာနတုိ႔ ပူးေပါင္းဖြင့္လွစ္သည့္ စိုက္ပ်ဳိးေရးႏွင့္ အေျခခံ ေမြးျမဴေရး သင္တန္းအမွတ္စဥ္ (၁)ဖြင့္ပြဲကို ယေန႔နံနက္ပိုင္း တြင္ မႏၱေလးတုိင္း ေဒသႀကီး၊ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ေရတံခြန္ေတာင္ရွိ  စစ္မႈထမ္းေဟာင္း ေလ့က်င့္ေရး သင္တန္းေက်ာင္း(မႏၱေလး) သင္တန္းခန္းမ ၌ျပဳလုပ္သည္။

အဆုိပါသင္တန္းဖြင့္ပြဲတြင္ မႏၱေလးတုိင္း ေဒသႀကီး စစ္မႈထမ္းေဟာင္းႀကီးၾကပ္ေရးအဖြဲ႕၊  နာယကအဖြဲ႕၀င္  အလယ္ပိုင္း တုိင္း စစ္ဌာနခ်ဳပ္  ဒုတိယတုိင္းမွဴး  ဗိုလ္မွဴးခ်ဳပ္ ေအာင္ခင္ေဇာ္ႏွင့္ စိုက္ပ်ဳိးေရး ဦးစီးဌာနႏွင့္ ေမြးျမဴေရး ဦးစီးဌာနတုိ႔မွ တာ၀န္ရွိ သူမ်ားက အမွာစကား ေျပာၾကားၾကသည္။

အဆိုပါသင္တန္းကို စစ္မႈထမ္းေဟာင္း အဖြဲ႕၀င္ ၂၀ ဦးျဖင့္ စက္တင္ဘာ ၂၇ ရက္ထိ ဖြင့္လွစ္သြားမည္ျဖစ္ၿပီး    သင္တန္းတြင္ ႏြား၊ ၀က္၊ ဆိတ္၊ ၾကက္၊ ဘဲ၊ စပါး၊ ၀ါ၊ ဆီ ထြက္သီးႏွံ စသည့္ေမြးျမဴေရး၊ စုိုက္ပ်ဳိးေရး ဆုိင္ရာမ်ားကို သင္ၾကား ေလ့က်င့္ ေပးသြားမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့နှင့်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့  ပူးပေါင်း ဖွင့်လှစ်သည့်စိုက်ပျိုးရေးနှင့် အခြေခံ မွေးမြူရေး သင်တန်းဖွင့်လှစ်

နေပြည်တော်  စက်တင်ဘာ  ၁၆

စက်မှုနှင့်သက်မွေးပညာရပ်အခြေခံများ တတ်မြောက်စေရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ် လုပ်ငန်းများနှင့်    နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပံ့ပိုးပေးရန် ရည်ရွယ်၍ မြန်မာနိုင်ငံ စစ်မှုထမ်း ဟောင်း အဖွဲ့နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စိုက်ပျိုးရေးနှင့် အခြေခံ မွေးမြူရေး သင်တန်းအမှတ်စဉ် (၁)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်း တွင် မန္တလေးတိုင်း ဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်ရှိ  စစ်မှုထမ်းဟောင်း လေ့ကျင့်ရေး သင်တန်းကျောင်း(မန္တလေး) သင်တန်းခန်းမ ၌ပြုလုပ်သည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် မန္တလေးတိုင်း ဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့၊  နာယကအဖွဲ့ဝင်  အလယ်ပိုင်း တိုင်း စစ်ဌာနချုပ်  ဒုတိယတိုင်းမှူး  ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် စိုက်ပျိုးရေး ဦးစီးဌာနနှင့် မွေးမြူရေး ဦးစီးဌာနတို့မှ တာဝန်ရှိ သူများက အမှာစကား ပြောကြားကြသည်။

အဆိုပါသင်တန်းကို စစ်မှုထမ်းဟောင်း အဖွဲ့ဝင် ၂၀ ဦးဖြင့် စက်တင်ဘာ ၂၇ ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး    သင်တန်းတွင် နွား၊ ဝက်၊ ဆိတ်၊ ကြက်၊ ဘဲ၊ စပါး၊ ဝါ၊ ဆီ ထွက်သီးနှံ စသည့်မွေးမြူရေး၊ စိုက်ပျိုးရေး ဆိုင်ရာများကို သင်ကြား လေ့ကျင့် ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Recent News