ေကာ႔သာင္းၿမိဳ႕၊ အေျခခံပညာအထက္တန္းေက်ာင္း၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားႏွင့္ က်န္းမာေရးအသိ ပညာေပး  ေဟာေျပာျခင္းမ်ားေဆာင္ရြက္

ေကာ႔သာင္းၿမိဳ႕၊ အေျခခံပညာအထက္တန္းေက်ာင္း၌ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားႏွင့္ က်န္းမာေရးအသိ ပညာေပး  ေဟာေျပာျခင္းမ်ားေဆာင္ရြက္

ေနျပည္ေတာ္  စက္တင္ဘာ  ၁၆

တနသၤာရီတုိင္းေဒသႀကီး၊ ေကာ့ေသာင္း ၿမိဳ႕၊  အေျခခံပညာအထက္တန္းေက်ာင္းမွ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔နံနက္ပုိင္းတြင္ကမ္း႐ုိးတန္း ေဒသတုိင္းစစ္ဌာနခ်ဳပ္ နယ္လွည့္ ေဆးကုသ ေရးအဖြဲ႕က အဆုိပါေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္ရြက္ေပး သည္။

ဦးစြာ ေဆးကုသေရးအဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား အရပ္တုိင္းျခင္း၊ ေပါင္ခ်ိန္ျခင္း၊ တစ္ကုိယ္ေရ သန္႔ရွင္းေရး စစ္ေဆး ေပးျခင္းႏွင့္ ေသြးအုပ္စုခြဲျခား ေပးျခင္း တို႔ေဆာင္ရြက္ေပးၿပီး ဆရာ၊ ဆရာမမ်ားႏွင့္  ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း ၃၅၆ ဦး တုိ႔ကို သြားႏွင့္ခံတြင္းေရာဂါ၊ ၀မ္းပ်က္၀မ္း ေလွ်ာေရာဂါ၊ မ်က္စိေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ အေရျပားေရာဂါ၊ အေထြ ေထြေရာဂါတို႔ ႏွင့္ပတ္သက္၍  က်န္းမာေရး စစ္ေဆးကုသေပးျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိ႔ေနာက္ ေဆးကုသေရးအဖြဲ႕က ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို မုိးရာသီတြင္ ျဖစ္ပြားတတ္ေသာ ေရာဂါမ်ား အေၾကာင္းႏွင့္အရက္၊  ကြမ္း၊ ေဆးလိပ္ေသာက္ျခင္းႏွင့္ ဆုိးက်ဳိးမ်ား အေၾကာင္းတို႔ႏွင့္ ပတ္သက္၍ က်န္းမာေရး အသိပညာေပး ေဟာေျပာ ေဆြးေႏြးျခင္းမ်ား ေဆာင္ရြက္ေပး ခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

ကော့သာင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေးအသိ ပညာပေး  ဟောပြောခြင်းများဆောင်ရွက်

နေပြည်တော်  စက်တင်ဘာ  ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း မြို့၊  အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင်ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသ ရေးအဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး သည်။

ဦးစွာ ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား အရပ်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းရေး စစ်ဆေး ပေးခြင်းနှင့် သွေးအုပ်စုခွဲခြား ပေးခြင်း တို့ဆောင်ရွက်ပေးပြီး ဆရာ၊ ဆရာမများနှင့်  ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၅၆ ဦး တို့ကို သွားနှင့်ခံတွင်းရောဂါ၊ ဝမ်းပျက်ဝမ်း လျှောရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အရေပြားရောဂါ၊ အထွေ ထွေရောဂါတို့ နှင့်ပတ်သက်၍  ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့နောက် ဆေးကုသရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများကို မိုးရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများ အကြောင်းနှင့်အရက်၊  ကွမ်း၊ ဆေးလိပ်သောက်ခြင်းနှင့် ဆိုးကျိုးများ အကြောင်းတို့နှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သတင်း ရရှိသည်။

Recent News