တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဒုိင္း တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)စားပြဲတင္တင္းနစ္ၿပိဳင္ပြဲ ဖြင့္ပြဲျပဳလုပ္

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဒုိင္း တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)စားပြဲတင္တင္းနစ္ၿပိဳင္ပြဲ ဖြင့္ပြဲျပဳလုပ္

ေနျပည္ေတာ္  စက္တင္ဘာ  ၁၆

 ၂၀၁၉ ခုႏွစ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဒုိင္း တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ)စားပြဲတင္တင္းနစ္ၿပိဳင္ပြဲဖြင့္ပြဲကို ယေန႔နံနက္ ပုိင္းတြင္ အေရွ႕ေတာင္တုိင္းစစ္ဌာနခ်ဳပ္၊ ျပည့္ဇာနည္အားကစား ခန္းမ၌ျပဳလုပ္ရာ တုိင္းမွဴး ဗိုလ္ခ်ဳပ္မ်ဳိးမုိးေအာင္ႏွင့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၊ ဒုိင္အဖြဲ႕၀င္မ်ား၊ ၿပိဳင္ပြဲ၀င္အားကစား သမားမ်ားႏွင့္  အားကစား၀ါသနာရွင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကိုယ္စား တုိင္းမွဴးက အဖြင့္အမွာစကား ေျပာၾကားသည္။ထုိ႔ေနာက္ တုိင္းမွဴး ႏွင့္ တက္ေရာက္လာၾကသူမ်ားက  ၿပိဳင္ပြဲ၀င္အသင္းမ်ား၏ ပထမေန႔ ပြဲစဥ္ ယွဥ္ၿပိဳင္ ကစားမႈမ်ားကို ၾကည့္႐ႈအားေပးၾကသည္။

အဆုိပါစားပြဲတင္တင္းနစ္ၿပိဳင္ပြဲကို တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)တုိင္း/တပ္မဌာနခ်ဳပ္မ်ားမွ ၿပိဳင္ပြဲ၀င္အသင္း  ၁၈ သင္း   ျဖင့္ စက္တင္ဘာ ၂၀ ရက္အထိ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း  သတင္းရရွိသည္။

(Unicode Version)     

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ)စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်  စက်တင်ဘာ  ၁၆

 ၂၀၁၉ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ)စားပွဲတင်တင်းနစ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ပြည့်ဇာနည်အားကစား ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့်  အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ထို့နောက် တိုင်းမှူး နှင့် တက်ရောက်လာကြသူများက  ပြိုင်ပွဲဝင်အသင်းများ၏ ပထမနေ့ ပွဲစဉ် ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါစားပွဲတင်တင်းနစ်ပြိုင်ပွဲကို တပ်မတော်(ကြည်း၊ ရေ၊ လေ)တိုင်း/တပ်မဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း  ၁၈ သင်း   ဖြင့် စက်တင်ဘာ ၂၀ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

Recent News