အုပ္ခ်ဳပ္မႈကိစၥမ်ား ေဆာင္ရြက္သည့္ တပ္မေတာ္(ေရ)မွ စစ္ေရယာဥ္အား AA အၾကမ္းဖက္ ေသာင္းက်န္း သူမ်ားက ေႏွာင့္ယွက္ပစ္ခတ္တုိက္ခိုက္

အုပ္ခ်ဳပ္မႈကိစၥမ်ား ေဆာင္ရြက္သည့္ တပ္မေတာ္(ေရ)မွ စစ္ေရယာဥ္အား AA အၾကမ္းဖက္ ေသာင္းက်န္း သူမ်ားက ေႏွာင့္ယွက္ပစ္ခတ္တုိက္ခိုက္

ေနျပည္ေတာ္  စက္တင္ဘာ  ၁၆

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕နယ္အတြင္း စစ္ေတြၿမိဳ႕မွ    ပလက္ဝၿမိဳ႕သုိ႔ စစ္သည္၊ မိသားစုမ်ားစားသံုးရန္အတြက္     ရိကၡာပို႔ေဆာင္ျခင္းႏွင့္ အုပ္ခ်ဳပ္မႈကိစၥမ်ားေဆာင္ရြက္ရန္ တပ္မေတာ္(ေရ)မွ    စစ္ေရယာဥ္မ်ားသည္   စစ္ေတြၿမိဳ႕၊  မင္းဂံဆိပ္ကမ္းမွ စက္တင္ဘာ ၁၄ ရက္ ည ၇ နာရီခန္႔မွ စတင္ထြက္ခြာလာစဥ္ စက္တင္ဘာ ၁၅ ရက္ နံနက္ ၁ နာရီခန္႔တြင္ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ အေပါက္ဝေက်းရြာ၏ ေျမာက္ဘက္ မီတာ ၅ဝဝဝ   ခန္႔အကြာသုိ႔   အေရာက္တြင္လည္းေကာင္း၊ နံနက္ ၅ နာရီခြဲခန္႔တြင္ တင္းမေက်းရြာ၏ေျမာက္ဘက္ မီတာ ၅ဝဝဝ ခန္႔အကြာသို႔ အေရာက္တြင္လည္းေကာင္း AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက လက္နက္ႀကီး/ လက္နက္ငယ္မ်ားျဖင့္ ေႏွာင့္ယွက္ပစ္ခတ္တုိက္ခိုက္ခဲ့သျဖင့္ လံုၿခံဳေရးလုိက္ပါလာသည့္ တပ္ဖြဲ႕ဝင္မ်ားႏွင့္ စစ္ေရယာဥ္မ်ားမွ ျပန္လည္ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး ဆက္လက္ထြက္ခြာခဲ့ရာ မြန္းလြဲ ၁၂ နာရီခြဲခန္႔တြင္ ပလက္ဝၿမိဳ႕သုိ႔ေရာက္ရွိခဲ့သည္။

ျဖစ္စဥ္တြင္ မိမိဘက္မွ စစ္သည္တစ္ဦး က်ဆံုးခဲ့ေၾကာင္းႏွင့္ အဆုိပါ ေနရာမ်ားအား တပ္မေတာ္စစ္ေၾကာင္းမ်ားက   နယ္ေျမစိုးမိုးေရးႏွင့္ လံုၿခံဳေရးလုပ္ငန္းမ်ား ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

(Unicode Version)

အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်သည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်အား AA အကြမ်းဖက် သောင်းကျန်း သူများက နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်

နေပြည်တော်  စက်တင်ဘာ  ၁၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း စစ်တွေမြို့မှ    ပလက်ဝမြို့သို့ စစ်သည်၊ မိသားစုများစားသုံးရန်အတွက်     ရိက္ခာပို့ဆောင်ခြင်းနှင့် အုပ်ချုပ်မှုကိစ္စများဆောင်ရွက်ရန် တပ်မတော်(ရေ)မှ    စစ်ရေယာဉ်များသည်   စစ်တွေမြို့၊  မင်းဂံဆိပ်ကမ်းမှ စက်တင်ဘာ ၁၄ ရက် ည ၇ နာရီခန့်မှ စတင်ထွက်ခွာလာစဉ် စက်တင်ဘာ ၁၅ ရက် နံနက် ၁ နာရီခန့်တွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ၏ မြောက်ဘက် မီတာ ၅ဝဝဝ   ခန့်အကွာသို့   အရောက်တွင်လည်းကောင်း၊ နံနက် ၅ နာရီခွဲခန့်တွင် တင်းမကျေးရွာ၏မြောက်ဘက် မီတာ ၅ဝဝဝ ခန့်အကွာသို့ အရောက်တွင်လည်းကောင်း AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး/ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးလိုက်ပါလာသည့် တပ်ဖွဲ့ဝင်များနှင့် စစ်ရေယာဉ်များမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆက်လက်ထွက်ခွာခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ပလက်ဝမြို့သို့ရောက်ရှိခဲ့သည်။

ဖြစ်စဉ်တွင် မိမိဘက်မှ စစ်သည်တစ်ဦး ကျဆုံးခဲ့ကြောင်းနှင့် အဆိုပါ နေရာများအား တပ်မတော်စစ်ကြောင်းများက   နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Recent News