ေရႊက်င္ေခ်ာင္းေရ၀င္ေရာက္ခဲ့သည့္အေျခခံပညာအလယ္တန္း လြန္ေက်ာင္း၌ စုေပါင္း သန္႔ရွင္းေရးျပဳလုပ္၊ ျဖဴးေခ်ာင္းတံတား ပ်က္စီးမႈျဖစ္ေပၚခဲ့သည့္ေနရာ၌ တပ္မေတာ္မွဖိုက္ဘာစက္ေလွမ်ားျဖင့္ဆက္လက္ပို႕ ေဆာင္

 

ေရႊက်င္ေခ်ာင္းေရ၀င္ေရာက္ခဲ့သည့္အေျခခံပညာအလယ္တန္း လြန္ေက်ာင္း၌ စုေပါင္း သန္႔ရွင္းေရးျပဳလုပ္၊ ျဖဴးေခ်ာင္းတံတား ပ်က္စီးမႈျဖစ္ေပၚခဲ့သည့္ေနရာ၌ တပ္မေတာ္မွဖိုက္ဘာစက္ေလွမ်ားျဖင့္ဆက္လက္ပို႕ ေဆာင္

ေနျပည္ေတာ္   စက္တင္ဘာ   ၁၆

ပဲခူးတုိင္းေဒသႀကီး၊ ေရႊက်င္ၿမိဳ႕၊ ပန္းဘဲ တန္းရပ္ကြက္ရွိ ေရႊက်င္ေခ်ာင္းေရ ၀င္ေရာက္ခဲ့ေသာ အေျခခံပညာ အလယ္ တန္းလြန္ ေက်ာင္း၌ ေခ်ာင္းေရမ်ား ျပန္လည္က်ဆင္းၿပီး ႏုန္းေျမမ်ားႏွင့္ အမႈိက္မ်ားတင္က်န္ခဲ့ သျဖင့္ ယေန႔တြင္ ေတာင္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္၊ ေရႊက်င္တပ္နယ္မွ  တပ္မေတာ္သားမ်ားက  ေက်ာင္း၀င္း အတြင္း/အျပင္  သန္႔ရွင္းေရး ေဆာင္ရြက္ျခင္း၊ စာသင္ခန္းမ်ားအတြင္းရွိ  ႏုန္းေျမမ်ား  ဖယ္ရွားျခင္း၊  စာသင္ခံုမ်ား ျပန္လည္ေဆးေၾကာျခင္းႏွင့္  သန္႔ရွင္းေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထို႔ျပင္ ျဖဴးေခ်ာင္းေရႀကီးမႈေၾကာင့္ ၀ဲႀကီး ေက်းရြာအုပ္စု၊ ၀ဲႀကီးေတာင္ရြာႏွင့္ ၀ဲႀကီးေျမာက္ရြာၾကားရွိ ျဖဴးေခ်ာင္းတံတား ပ်က္စီးၿပီး သြားလာေရးအခက္အခဲျဖစ္ေပၚလ်က္ရွိ ေသာ  ဆရာ၊  ဆရာမ  ၂၈ ဦး၊ ေက်ာင္းသား၊ ေက်ာင္းသူ ၁၆၀ ဦးႏွင့္ ေဒသခံျပည္သူ ၈၃၂ ဦးတို႔ကို တပ္မေတာ္မွ ဖိုက္ဘာစက္ေလွမ်ားျဖင့္ ဆက္လက္ကူညီ ပို႔ေဆာင္ေပးခဲ့ေၾကာင္း  သတင္း ရရွိသည္။  

(Unicode Version)

ရွှေကျင်ချောင်းရေဝင်ရောက်ခဲ့သည့်အခြေခံပညာအလယ်တန်း လွန်ကျောင်း၌ စုပေါင်း သန့်ရှင်းရေးပြုလုပ်၊ ဖြူးချောင်းတံတား ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့်နေရာ၌ တပ်မတော်မှဖိုက်ဘာစက်လှေများဖြင့်ဆက်လက်ပို့ ဆောင်

နေပြည်တော်   စက်တင်ဘာ   ၁၆

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့၊ ပန်းဘဲ တန်းရပ်ကွက်ရှိ ရွှေကျင်ချောင်းရေ ဝင်ရောက်ခဲ့သော အခြေခံပညာ အလယ် တန်းလွန် ကျောင်း၌ ချောင်းရေများ ပြန်လည်ကျဆင်းပြီး နုန်းမြေများနှင့် အမှိုက်များတင်ကျန်ခဲ့ သဖြင့် ယနေ့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရွှေကျင်တပ်နယ်မှ  တပ်မတော်သားများက  ကျောင်းဝင်း အတွင်း/အပြင်  သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ စာသင်ခန်းများအတွင်းရှိ  နုန်းမြေများ  ဖယ်ရှားခြင်း၊  စာသင်ခုံများ ပြန်လည်ဆေးကြောခြင်းနှင့်  သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဖြူးချောင်းရေကြီးမှုကြောင့် ဝဲကြီး ကျေးရွာအုပ်စု၊ ဝဲကြီးတောင်ရွာနှင့် ဝဲကြီးမြောက်ရွာကြားရှိ ဖြူးချောင်းတံတား ပျက်စီးပြီး သွားလာရေးအခက်အခဲဖြစ်ပေါ်လျက်ရှိ သော  ဆရာ၊  ဆရာမ  ၂၈ ဦး၊ ကျောင်းသား၊ ကျောင်းသူ ၁၆၀ ဦးနှင့် ဒေသခံပြည်သူ ၈၃၂ ဦးတို့ကို တပ်မတော်မှ ဖိုက်ဘာစက်လှေများဖြင့် ဆက်လက်ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း  သတင်း ရရှိသည်။  

 

Recent News