ဖလမ္းၿမိဳ႕နယ္၊ ဗားလံုေက်းရြာရွိ ေဒသခံ တုိင္းရင္းသား ျပည္သူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ဖလမ္းၿမိဳ႕နယ္၊ ဗားလံုေက်းရြာရွိ ေဒသခံ တုိင္းရင္းသား ျပည္သူမ်ားအား က်န္းမာေရး ေစာင္႕ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္    စက္တင္ဘာ    ၁၈

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္၊ သီးဆဲင္ေက်းရြာအုပ္စု၊ ဗားလံုေက်းရြာရွိ ေဒသခံတုိင္းရင္းသား ျပည္သူမ်ားအား ယေန႔နံနက္ပုိင္းတြင္ အေနာက္ေျမာက္တုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖြဲ႕က အဆုိပါ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး႐ံုး၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က ေဒသခံ တုိင္းရင္းသားျပည္သူ ၁၁၅ ဦးအား မ်က္စိေရာဂါ၊ သြားႏွင့္ ခံတြင္းေရာဂါ၊ နား/ႏွာေခါင္း/ လည္ေခ်ာင္းေရာဂါ၊ အေရျပားေရာဂါ၊ အ႐ိုး/အေၾကာေရာဂါ၊ ကေလးေရာဂါ၊ အေထြေထြေရာဂါတုိ႔ႏွင့္ ပတ္သက္၍ လုိအပ္သည့္ က်န္းမာေရး စစ္ေဆး ကုသေပးျခင္းမ်ား ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဖလမ်းမြို့နယ်၊ ဗားလုံကျေးရွာရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်    စက်တင်ဘာ    ၁၈

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ သီးဆဲင်ကျေးရွာအုပ်စု၊ ဗားလုံကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူ ၁၁၅ ဦးအား မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ အရေပြားရောဂါ၊ အရိုး/အကြောရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News