ျမစ္ႀကီးနားၿမိဳ႔နယ္ႏွင့္ တႏိုင္းၿမိဳ႔နယ္မ်ား အတြင္း တရားမဝင္ ေရႊတူးေဖာ္ရာတြင္ အသုံးျပဳသည့္စက္ပစၥည္းမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းရမိ

ျမစ္ႀကီးနားၿမိဳ႔နယ္ႏွင့္ တႏိုင္းၿမိဳ႔နယ္မ်ား အတြင္း တရားမဝင္ ေရႊတူးေဖာ္ရာတြင္ အသုံးျပဳသည့္စက္ပစၥည္းမ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ား သိမ္းဆည္းရမိ

ေနျပည္ေတာ္  စက္တင္ဘာ  ၁၈

ကခ်င္ျပည္နယ္၊ျမစ္ႀကီးနားၿမိဳ႕နယ္၊ ေမချမစ္ အေနာက္ဘက္၌ တရားမဝင္ ေရႊတူးေဖာ္ေနေၾကာင္း သတင္းအရ ဌာနဆိုင္ရာ တာဝန္ရိွသူမ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က သြားေရာက္ စစ္ေဆးရာ စက္တင္ဘာ ၁၇ ရက္ နံနက္ ၈ နာရီခြဲခန္႔တြင္ တန္ဖဲေက်းရြာ၏ အေရွ႕ဘက္ ၂ မိုင္ခန္႔ အကြာ၌ တရားမဝင္ ေရႊေမ်ာလုပ္ကိုင္ရာတြင္ အသုံးျပဳသည့္ ဘက္ဟိုးယာဥ္ တစ္စီး၊ ပါဂ်ဲ႐ိုး အမ်ဳိးအစား ေမာ္ေတာ္ယာဥ္ တစ္စီး၊ အင္ဂ်င္မ်ဳိးစုံ ၁၁ လုံး၊ လက္ဆြဲဟြန္ဒါ အင္ဂ်င္သုံးလုံး၊ ေရခ႐ု ငါးလုံး၊  မႈံအိုးသုံးလုံး၊ သံဖရိန္မႈံျခင္း ေလးခု၊ ခ်ိန္းဘေလာက္ႏွစ္ခု၊ လည္ေခ်ာင္းပိုက္ ကိုးေခ်ာင္း၊  သံပိုက္လုံး ၁၈ လုံး၊ ပိုက္ေပ်ာ့ ၁၉ ေခြ၊ ေလမႈတ္စက္တစ္လုံး၊ အင္ဝိုင္း သုံးခ်ပ္၊ ဒီဇယ္ဂါလန္၂ဝဝ ပါ ပီပါ ေလးလံုး၊ ဒိုင္နမိုတစ္လုံး၊ ေမ်ာစင္(သံဖရိန္) တစ္ခု၊ ေမ်ာစင္(သစ္သား)တစ္ခု၊ သံဇလား တစ္ခု၊ ဆီပုံးခြံ ၄၈ လုံးႏွင့္ ဆက္စပ္ပစၥည္းမ်ားကို ပိုင္ရွင္မဲ့ သိမ္းဆည္းရမိခဲ့သည္။

အလားတူ     လုံၿခံဳေရးေဆာင္ရြက္ေနေသာ တပ္ဖြဲ႕ဝင္မ်ားသည္ စက္တင္ဘာ ၁၇ ရက္ ညေန ၃ နာရီခန္႔တြင္ တႏိုင္းၿမိဳ႕နယ္၊ ဒလူးေက်းရြာ၏    အေရွ႕ေတာင္ဘက္၁ မိုင္ခန္႔အကြာ၌ တရားမဝင္ ေရႊတူးေဖာ္ရာတြင္ အသံုးျပဳသည့္   ဆီပီပါခြံ ၁၇ လုံး၊ ဒီဇယ္ဂါလန္ ၂ဝဝ ပါ ပီပါ ေလးလုံး၊ မႈံအိုးႏွစ္လုံးတို႔ကို လည္းေကာင္း၊ ည ၆ နာရီခန္႔တြင္ ဒလူးေက်းရြာ၏ ေတာင္ဘက္ ၄ မိုင္ခန္႔အကြာ၌ ေလးလံုးထုိးအင္ဂ်င္ တစ္လုံး၊ ၄ ေပတြင္ခုံတစ္ခု၊ ၂ ေပတြင္ခုံ  တစ္ခုႏွင့္ဗိုက္ခုံ တစ္ခုတို႔ကို လည္းေကာင္း ပိုင္ရွင္မဲ့ ထပ္မံသိမ္းဆည္း ရမိခဲ့သည္။

အဆိုပါ သိမ္းဆည္းရမိ   တရားမဝင္ ေရႊေမ်ာလုပ္ကုိင္ရာတြင္ အသုံးျပဳသည့္ ပစၥည္းမ်ားကို ျမစ္ႀကီးနားခ႐ိုင္ ရဲတပ္ဖြဲ႕ႏွင့္ တႏုိင္းၿမိဳ႕မ ရဲစခန္းသို႔ စနစ္တက် လႊဲေျပာင္းအပ္ႏွံ ခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

မြစ်ကြီးနားမြို့နယ်နှင့် တနိုင်းမြို့နယ်များ အတွင်း တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့်စက်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော်  စက်တင်ဘာ  ၁၈

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့နယ်၊ မေခမြစ် အနောက်ဘက်၌ တရားမဝင် ရွှေတူးဖော်နေကြောင်း သတင်းအရ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးရာ စက်တင်ဘာ ၁၇ ရက် နံနက် ၈ နာရီခွဲခန့်တွင် တန်ဖဲကျေးရွာ၏ အရှေ့ဘက် ၂ မိုင်ခန့် အကွာ၌ တရားမဝင် ရွှေမျောလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဘက်ဟိုးယာဉ် တစ်စီး၊ ပါဂျဲရိုး အမျိုးအစား မော်တော်ယာဉ် တစ်စီး၊ အင်ဂျင်မျိုးစုံ ၁၁ လုံး၊ လက်ဆွဲဟွန်ဒါ အင်ဂျင်သုံးလုံး၊ ရေခရု ငါးလုံး၊  မှုံအိုးသုံးလုံး၊ သံဖရိန်မှုံခြင်း လေးခု၊ ချိန်းဘလောက်နှစ်ခု၊ လည်ချောင်းပိုက် ကိုးချောင်း၊  သံပိုက်လုံး ၁၈ လုံး၊ ပိုက်ပျော့ ၁၉ ခွေ၊ လေမှုတ်စက်တစ်လုံး၊ အင်ဝိုင်း သုံးချပ်၊ ဒီဇယ်ဂါလန်၂ဝဝ ပါ ပီပါ လေးလုံး၊ ဒိုင်နမိုတစ်လုံး၊ မျောစင်(သံဖရိန်) တစ်ခု၊ မျောစင်(သစ်သား)တစ်ခု၊ သံဇလား တစ်ခု၊ ဆီပုံးခွံ ၄၈ လုံးနှင့် ဆက်စပ်ပစ္စည်းများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။

အလားတူ     လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၇ ရက် ညနေ ၃ နာရီခန့်တွင် တနိုင်းမြို့နယ်၊ ဒလူးကျေးရွာ၏    အရှေ့တောင်ဘက်၁ မိုင်ခန့်အကွာ၌ တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့်   ဆီပီပါခွံ ၁၇ လုံး၊ ဒီဇယ်ဂါလန် ၂ဝဝ ပါ ပီပါ လေးလုံး၊ မှုံအိုးနှစ်လုံးတို့ကို လည်းကောင်း၊ ည ၆ နာရီခန့်တွင် ဒလူးကျေးရွာ၏ တောင်ဘက် ၄ မိုင်ခန့်အကွာ၌ လေးလုံးထိုးအင်ဂျင် တစ်လုံး၊ ၄ ပေတွင်ခုံတစ်ခု၊ ၂ ပေတွင်ခုံ  တစ်ခုနှင့်ဗိုက်ခုံ တစ်ခုတို့ကို လည်းကောင်း ပိုင်ရှင်မဲ့ ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ   တရားမဝင် ရွှေမျောလုပ်ကိုင်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့နှင့် တနိုင်းမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သတင်း ရရှိသည်။

Recent News