ေရႊက်င္ၿမိဳ႔ႏွင့္ ပဲခူးၿမိဳ႔တို့ရွိ စာသင္ေက်ာင္းမ်ား၌ စုေပါင္း သန့္ရွင္းေရးေဆာင္ရြက္၊ ၀ဲႀကီးေက်းရြာမွ ေဒသခံျပည္သူမ်ားကုိ တပ္မေတာ္မွ ဖုိက္ဘာစက္ေလွမ်ားျဖင့္ ဆက္လက္ပုိ့ေဆာင္

ေရႊက်င္ၿမိဳ႔ႏွင့္ ပဲခူးၿမိဳ႔တို့ရွိ စာသင္ေက်ာင္းမ်ား၌ စုေပါင္း သန့္ရွင္းေရးေဆာင္ရြက္၊ ၀ဲႀကီးေက်းရြာမွ ေဒသခံျပည္သူမ်ားကုိ တပ္မေတာ္မွ ဖုိက္ဘာစက္ေလွမ်ားျဖင့္ ဆက္လက္ပုိ့ေဆာင္

ေနျပည္ေတာ္  စက္တင္ဘာ  ၁၈

ပဲခူးတုိင္းေဒသႀကီး၊ ေရႊက်င္ၿမိဳ႕ရွိ ေခ်ာင္းေရ ၀င္ေရာက္ခဲ့ေသာ ေညာင္၀ုိင္း/ တ႐ုတ္တန္းရပ္ကြက္၊ အေျခခံ ပညာ မူလတန္း ေက်ာင္း၌ ေခ်ာင္းေရျပန္လည္ က်ဆင္းၿပီး ေက်ာင္းအတြင္း ႏုန္းေျမမ်ားႏွင့္ အမႈိက္မ်ား တင္က်န္ခဲ့သျဖင့္  ယေန႔တြင္  ေတာင္ပုိင္းတိုင္း စစ္ဌာနခ်ဳပ္၊ ေရႊက်င္ တပ္နယ္မွ တပ္မေတာ္သားမ်ားက စာသင္ခန္းမ်ားအတြင္း ႏုန္းေျမ မ်ား ဖယ္ရွားေပးျခင္း၊ သင္ေထာက္ကူ ပစၥည္းမ်ားႏွင့္ စာသင္ခံုမ်ား ျပန္လည္ေဆးေၾကာ ေနရာခ်ထားျခင္း၊ ေက်ာင္း၀င္းအတြြင္း အမႈိက္မ်ား၊ ႏုန္းေျမမ်ားႏွင့္ သဲမ်ား ဖယ္ရွားျခင္းမ်ား ေဆာင္ရြက္ေပးသည္။

ထုိ႔ျပင္   ပဲခူးတပ္နယ္မွ တပ္မေတာ္ သားမ်ားက စက္တင္ဘာ ၁၇ ရက္တြင္ ပဲခူးၿမိဳ႕၊ ေဖာင္ေတာ္ဦး ရပ္ကြက္၊ အေျခခံ ပညာ အလယ္တန္းေက်ာင္းခြဲ ပတ္၀န္းက်င္ သန္႔ရွင္းသာယာလွပေရးအတြက္ စုေပါင္းသန္႔ရွင္းေရး လုပ္ငန္းမ်ားကို ေဆာင္ရြက္ ေပးၿပီး ျဖဴးေခ်ာင္းေရႀကီး၍ ျဖဴးၿမိဳ႕နယ္၊ ၀ဲႀကီးေက်းရြာအုပ္စု၊ ၀ဲႀကီးေတာင္ ေက်းရြာႏွင့္ ၀ဲႀကီးေျမာက္ ရြာၾကားရွိ ျဖဴးေခ်ာင္း တံတားပ်က္စီးမႈေၾကာင့္ သြားလာေရး အခက္အခဲ ျဖစ္ေပၚေနေသာ ဆရာ၊ ဆရာမ၂၈ဦး၊ ေက်ာင္းသား၊ ေက်ာင္းသူ ၁၆၀ ဦးႏွင့္ ေဒသခံျပည္သူ ၇၅၃ ဦးတုိ႔ကို တပ္မေတာ္မွ ဖိုက္ဘာစက္ေလွျဖင့္ သယ္ယူ ပို႔ေဆာင္ ေပးျခင္းမ်ားကုိ ေဆာင္ရြက္ေပးခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ရွှေကျင်မြို့နှင့် ပဲခူးမြို့တို့ရှိ စာသင်ကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်၊ ဝဲကြီးကျေးရွာမှ ဒေသခံပြည်သူများကို တပ်မတော်မှ ဖိုက်ဘာစက်လှေများဖြင့်ဆက်လက်ပို့ဆောင်

နေပြည်တော်  စက်တင်ဘာ  ၁၈

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့ရှိ ချောင်းရေ ဝင်ရောက်ခဲ့သော ညောင်ဝိုင်း/ တရုတ်တန်းရပ်ကွက်၊ အခြေခံ ပညာ မူလတန်း ကျောင်း၌ ချောင်းရေပြန်လည် ကျဆင်းပြီး ကျောင်းအတွင်း နုန်းမြေများနှင့် အမှိုက်များ တင်ကျန်ခဲ့သဖြင့်  ယနေ့တွင်  တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ရွှေကျင် တပ်နယ်မှ တပ်မတော်သားများက စာသင်ခန်းများအတွင်း နုန်းမြေ များ ဖယ်ရှားပေးခြင်း၊ သင်ထောက်ကူ ပစ္စည်းများနှင့် စာသင်ခုံများ ပြန်လည်ဆေးကြော နေရာချထားခြင်း၊ ကျောင်းဝင်းအတွင်း အမှိုက်များ၊ နုန်းမြေများနှင့် သဲများ ဖယ်ရှားခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင်   ပဲခူးတပ်နယ်မှ တပ်မတော် သားများက စက်တင်ဘာ ၁၇ ရက်တွင် ပဲခူးမြို့၊ ဖောင်တော်ဦး ရပ်ကွက်၊ အခြေခံ ပညာ အလယ်တန်းကျောင်းခွဲ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက် ပေးပြီး ဖြူးချောင်းရေကြီး၍ ဖြူးမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီးတောင် ကျေးရွာနှင့် ဝဲကြီးမြောက် ရွာကြားရှိ ဖြူးချောင်း တံတားပျက်စီးမှုကြောင့် သွားလာရေး အခက်အခဲ ဖြစ်ပေါ်နေသော ဆရာ၊ ဆရာမ၂၈ဦး၊ ကျောင်းသား၊ ကျောင်းသူ ၁၆၀ ဦးနှင့် ဒေသခံပြည်သူ ၇၅၃ ဦးတို့ကို တပ်မတော်မှ ဖိုက်ဘာစက်လှေဖြင့် သယ်ယူ ပို့ဆောင် ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News