တပ္မေတာ္ ကြန္ပ်ဴတာႏွင့္ နည္းပညာသိပၸံ အင္ဂ်င္နီယာ သင္တန္းသားမ်ား အလိုရွိသည္

တပ္မေတာ္ ကြန္ပ်ဴတာႏွင့္ နည္းပညာသိပၸံ အင္ဂ်င္နီယာ သင္တန္းသားမ်ား အလိုရွိသည္

၁။ ေလွ်ာက္ထားသူသည္-

(က) ၂၀၂၀ ျပည့္ႏွစ္၊ ဇန္န၀ါရီလ ၁ ရက္ေန႔တြင္ အသက္ ၁၆ ႏွစ္ေအာက္မငယ္ရ၊ ၁၉ ႏွစ္ထက္မႀကီးရ။

(ခ) ျပည္ေထာင္စုသမၼတျမန္မာႏုိင္ငံသား အိမ္ေထာင္မရွိဖူးသူ (လူပ်ဳိ) ျဖစ္ရမည္။

(ဂ) အနည္းဆံုးအရပ္ ၅ ေပ၊ ၃ လက္မႏွင့္ ကိုယ္အေလးခ်ိန္ေပါင္ ၁၀၀ ထက္မနည္းရ၊ ေပါင္ ၁၄၀ ထက္ မေက်ာ္ရ။

(ဃ) မ်က္မွန္တပ္ဆင္ထားသူမျဖစ္ေစရ။

(င) တကၠသိုလ္၀င္ စာေမးပြဲအား သိပၸံ ဘာသာတြဲ၊ သုိ႔မဟုတ္ ၀ိပၸံ ဘာသာတြဲျဖင့္ ေအာင္ျမင္သူျဖစ္ရမည္။

၂။ ေလွ်ာက္လႊာမ်ားကို မိမိတုိ႔ႏွင့္ နီးစပ္ရာတိုင္းစစ္ဌာနခ်ဳပ္မ်ားတြင္ အခမဲ့ရယူၿပီး ၉-၉-၂၀၁၉ ရက္ေန႔မွ စတင္၍  ၂၃-၁၁-၂၀၁၉ ရက္ေန႔ထိ ေနာက္ဆံုးထား ေလွ်ာက္ထားႏုိင္သည္။

၃။ ေလွ်ာက္လႊာႏွင့္အတူ အက်င့္စာရိတ ၱေကာင္းမြန္ေၾကာင္း သက္ဆိုင္ရာျပည္နယ္/ တိုင္းေဒသႀကီး/ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ စခန္း တစ္ခုခုမွ ေထာက္ခံစာ(မူရင္း)ႏွင့္ ၁ လအတြင္း ႐ိုက္ကူးထားေသာ ပတ္စ္ပို႔ အရြယ္ဓာတ္ပံု ၃ ပံုကို ပူးတြဲ တင္ျပရမည္။

၄။ သတ္မွတ္ခ်က္ႏွင့္ ျပည့္စံုသူမ်ားသည္ အရည္အခ်င္းစစ္စာေမးပြဲကို တက္ၠသိုလ္၀င္ စာေမးပြဲ သင္႐ိုးၫႊန္း တမ္းအတိုင္း  တိုင္းစစ္ဌာနခ်ဳပ္မ်ားတြင္ ေအာက္ပါ ဘာသာရပ္မ်ားကို ေျဖဆိုၾကရမည္ျဖစ္သည္-

(က) အဂၤလိပ္စာ ။  နံနက္ ၉ နာရီမွ ၁၁ နာရီထိ။

(ခ) သခ်ၤာ    ။ ေန႔လယ္ ၁ နာရီမွ ၃ နာရီထိ။

၅။ အရည္အခ်င္းစစ္ စာေမးပြဲကို မိမိေလွ်ာက္လႊာ တင္သြင္းရာ တိုင္းစစ္ဌာနခ်ဳပ္မ်ား၌ ၂၀၁၉ ခုႏွစ္၊ ႏုိ၀င္ဘာလ ၂၄ ရက္ေန႔တြင္ ေျဖဆိုၾကရမည္ျဖစ္ပါသည္။

၆။ ေျဖဆိုရမည့္ ခံုအမွတ္မွာ ေလွ်ာက္လႊာတြင္ေဖာ္ျပထားသည့္ ခံုအမွတ္ အတိုင္းျဖစ္သည္။

၇။ အရည္အခ်င္းစစ္စာေမးပြဲေအာင္ျမင္သူမ်ားကို ဟိုပုံးၿမိဳ႕ (ေတာင္ႀကီးခ႐ိုင္)တြင္ လူေတြ႕စစ္ေဆးမည္။ လူေတြ႕အစစ္ ေဆးခံရန္ အေၾကာင္းၾကားစာမ်ားကို သက္ဆိုင္ရာတိုင္းစစ္ဌာနခ်ဳပ္မ်ားမွတစ္ဆင့္ အခ်ိန္မီေပးပို႔သြားမည္။ အရည္အခ်င္းစစ္စာေမးပြဲေအာင္ စာရင္းႏွင့္သတင္းပို႔ရမည့္ရက္မ်ားကို မိမိေလွ်ာက္လႊာတင္သြင္းသည့္ တိုင္းစစ္ဌာနခ်ဳပ္မ်ားတြင္ ၂၇-၁၂-၂၀၁၉ မွ ၂၈-၁၂-၂၀၁၉ ရက္ေန႔မ်ားအတြင္း ေမးျမန္းႏုိင္သည္။

၈။ သင္တန္း ကာလတြင္ လစာအျဖစ္ ပထမႏွစ္ က်ပ္ ၁၆၈၀၀၀/- ၊ ဒုတိယႏွစ္ က်ပ္ ၁၇၄၀၀၀/- ၊ တတိယႏွစ္ က်ပ္ ၁၈၀၀၀၀/- ရရွိမည္။  သင္တန္းေအာင္ျမင္ၿပီးလွ်င္ ရာထူးအဆင့္လိုက္ သတ္မွတ္ လစာႏွင့္စရိတ္မ်ား ခံစားခြင့္ ရွိသည္။

၉။ သင္တန္းၿပီးဆံုးပါက ေအာက္ပါအတိုင္း ခံစားခြင့္ရွိသည္-

(က) ဘြဲ႕လက္မွတ္ အပ္ႏွင္းျခင္း။ အင္ဂ်င္နီယာသိပၸံ A.G.T.I(Diploma) လက္မွတ္ ေပးအပ္မည္။

(ခ) တာ၀န္ေပးအပ္ျခင္း။  တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) လက္႐ံုး၀န္ထမ္း တပ္ဖြဲ႕တစ္ခုခုတြင္ ပညာသည္ အၾကပ္ႀကီး အျဖစ္ ခန္႔အပ္ တာ၀န္ေပးအပ္မည္။

(ဂ) အဆင့္တိုးျမႇင့္ ေပးအပ္ျခင္း။  တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)တပ္ဖြဲ႕အလိုက္ ပညာသည္စစ္သည္မ်ား အဆင့္အတန္းတိုးျမႇင့္ေရး စည္းမ်ဥ္းႏွင့္အညီ  ဒုတိယအရာခံဗုိလ္ႏွင့္  အရာခံဗုိလ္ အဆင့္မ်ားသုိ႔ ဆက္လက္ တိုးျမႇင့္ ေပးေရး အတြက္ ေဆာင္ရြက္ေပးမည္။

(ဃ)  ျပန္တမ္း၀င္အရာရွိ ေလွ်ာက္ထားခြင့္။ ျပန္တမ္း၀င္ အရာရွိအျဖစ္ ခန္႔အပ္ႏုိင္ေရးအတြက္ သတ္မွတ္ထားသည့္ အခ်ိန္ႏွင့္ အက်ဳံး၀င္သည့္ အခ်ိန္တြင္  စစ္ရာထူးခန္႔ခ်ဳပ္႐ံုးမွ ေလွ်ာက္လႊာ ေခၚယူသည့္အခါ  ေလွ်ာက္ထားႏုိင္သည္။

မွတ္ခ်က္။ အေသးစိတ္ သိရွိလိုပါက မိမိတုိ႔ ေလွ်ာက္လႊာ ထုတ္ယူခဲ့သည့္တုိင္း စစ္ဌာနခ်ဳပ္မ်ားတြင္ စံုစမ္းေမးျမန္း ႏုိင္ပါသည္။

(Unicode Version)

တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ အင်ဂျင်နီယာ သင်တန်းသားများ အလိုရှိသည်

၁။ လျှောက်ထားသူသည်-

(က) ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် အသက် ၁၆ နှစ်အောက်မငယ်ရ၊ ၁၉ နှစ်ထက်မကြီးရ။

(ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ (လူပျို) ဖြစ်ရမည်။

(ဂ) အနည်းဆုံးအရပ် ၅ ပေ၊ ၃ လက်မနှင့် ကိုယ်အလေးချိန်ပေါင် ၁၀၀ ထက်မနည်းရ၊ ပေါင် ၁၄၀ ထက် မကျော်ရ။

(ဃ) မျက်မှန်တပ်ဆင်ထားသူမဖြစ်စေရ။

(င) တက္ကသိုလ်ဝင် စာမေးပွဲအား သိပ္ပံ ဘာသာတွဲ၊ သို့မဟုတ် ဝိပ္ပံ ဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်။

၂။ လျှောက်လွှာများကို မိမိတို့နှင့် နီးစပ်ရာတိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ရယူပြီး ၉-၉-၂၀၁၉ ရက်နေ့မှ စတင်၍  ၂၃-၁၁-၂၀၁၉ ရက်နေ့ထိ နောက်ဆုံးထား လျှောက်ထားနိုင်သည်။

၃။ လျှောက်လွှာနှင့်အတူ အကျင့်စာရိတ ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာပြည်နယ်/ တိုင်းဒေသကြီး/ မြို့နယ်ရဲတပ်ဖွဲ့ စခန်း တစ်ခုခုမှ ထောက်ခံစာ(မူရင်း)နှင့် ၁ လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့ အရွယ်ဓာတ်ပုံ ၃ ပုံကို ပူးတွဲ တင်ပြရမည်။

၄။ သတ်မှတ်ချက်နှင့် ပြည့်စုံသူများသည် အရည်အချင်းစစ်စာမေးပွဲကို တက်္ကသိုလ်ဝင် စာမေးပွဲ သင်ရိုးညွှန်း တမ်းအတိုင်း  တိုင်းစစ်ဌာနချုပ်များတွင် အောက်ပါ ဘာသာရပ်များကို ဖြေဆိုကြရမည်ဖြစ်သည်-

(က) အင်္ဂလိပ်စာ ။  နံနက် ၉ နာရီမှ ၁၁ နာရီထိ။

(ခ) သင်္ချာ    ။ နေ့လယ် ၁ နာရီမှ ၃ နာရီထိ။

၅။ အရည်အချင်းစစ် စာမေးပွဲကို မိမိလျှောက်လွှာ တင်သွင်းရာ တိုင်းစစ်ဌာနချုပ်များ၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဖြေဆိုကြရမည်ဖြစ်ပါသည်။

၆။ ဖြေဆိုရမည့် ခုံအမှတ်မှာ လျှောက်လွှာတွင်ဖော်ပြထားသည့် ခုံအမှတ် အတိုင်းဖြစ်သည်။

၇။ အရည်အချင်းစစ်စာမေးပွဲအောင်မြင်သူများကို ဟိုပုံးမြို့ (တောင်ကြီးခရိုင်)တွင် လူတွေ့စစ်ဆေးမည်။ လူတွေ့အစစ် ဆေးခံရန် အကြောင်းကြားစာများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှတစ်ဆင့် အချိန်မီပေးပို့သွားမည်။ အရည် အချင်းစစ်စာမေးပွဲအောင် စာရင်းနှင့်သတင်းပို့ရမည့်ရက်များကို မိမိလျှောက်လွှာတင်သွင်းသည့် တိုင်းစစ်ဌာနချုပ်များတွင် ၂၇-၁၂-၂၀၁၉ မှ ၂၈-၁၂-၂၀၁၉ ရက်နေ့များအတွင်း မေးမြန်းနိုင်သည်။

၈။ သင်တန်း ကာလတွင် လစာအဖြစ် ပထမနှစ် ကျပ် ၁၆၈၀၀၀/- ၊ ဒုတိယနှစ် ကျပ် ၁၇၄၀၀၀/- ၊ တတိယနှစ် ကျပ် ၁၈၀၀၀၀/- ရရှိမည်။  သင်တန်းအောင်မြင်ပြီးလျှင် ရာထူးအဆင့်လိုက် သတ်မှတ် လစာနှင့်စရိတ်များ ခံစားခွင့် ရှိသည်။

၉။ သင်တန်းပြီးဆုံးပါက အောက်ပါအတိုင်း ခံစားခွင့်ရှိသည်-

(က) ဘွဲ့လက်မှတ် အပ်နှင်းခြင်း။ အင်ဂျင်နီယာသိပ္ပံ A.G.T.I(Diploma) လက်မှတ် ပေးအပ်မည်။

(ခ) တာဝန်ပေးအပ်ခြင်း။  တပ်မတော်(ကြည်း၊ ရေ၊ လေ) လက်ရုံးဝန်ထမ်း တပ်ဖွဲ့တစ်ခုခုတွင် ပညာသည် အကြပ်ကြီး အဖြစ် ခန့်အပ် တာဝန်ပေးအပ်မည်။

(ဂ) အဆင့်တိုးမြှင့် ပေးအပ်ခြင်း။  တပ်မတော်(ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့အလိုက် ပညာသည်စစ်သည်များ အဆင့်အတန်းတိုးမြှင့်ရေး စည်းမျဉ်းနှင့်အညီ  ဒုတိယအရာခံဗိုလ်နှင့်  အရာခံဗိုလ် အဆင့်များသို့ ဆက်လက် တိုးမြှင့် ပေးရေး အတွက် ဆောင်ရွက်ပေးမည်။

(ဃ)  ပြန်တမ်းဝင်အရာရှိ လျှောက်ထားခွင့်။ ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်နိုင်ရေးအတွက် သတ်မှတ်ထားသည့် အချိန်နှင့် အကျုံးဝင်သည့် အချိန်တွင်  စစ်ရာထူးခန့်ချုပ်ရုံးမှ လျှောက်လွှာ ခေါ်ယူသည့်အခါ  လျှောက်ထားနိုင်သည်။

မှတ်ချက်။ အသေးစိတ် သိရှိလိုပါက မိမိတို့ လျှောက်လွှာ ထုတ်ယူခဲ့သည့်တိုင်း စစ်ဌာနချုပ်များတွင် စုံစမ်းမေးမြန်း နိုင်ပါသည်။

Recent News