ဖားကန္႔ၿမိဳ႕နယ္၊ ေမွာ္ပံုေက်းရြာအနီး၌ သတၱဳအစိတ္ပိုင္းမ်ား ေကာင္းကင္ယံမွ ျပဳတ္က်

ဖားကန္႔ၿမိဳ႕နယ္၊ ေမွာ္ပံုေက်းရြာအနီး၌ သတၱဳအစိတ္ပိုင္းမ်ား ေကာင္းကင္ယံမွ ျပဳတ္က်

ေနျပည္ေတာ္ ၊  စက္တင္ဘာ ၁၉

ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္၊ လံုးခင္းအုပ္စု၊ ေမွာ္ပံုေက်းရြာမွ ဦးေအးေက်ာ္(ဘ)ဦးေမာင္ျဖဴလွ ေနအိမ္နံေဘးရွိ ဇီးျဖဴေခ်ာင္းအတြင္းသို႔ ယေန႔ မြန္းလြဲ ၁ နာရီခြဲခန္႔တြင္ အျမင့္ ၁၆ ေပ၊ ေအာက္ေျခအခ်င္း ၁၂ ေပ၊ အေပၚပိုင္းအခ်င္း ၇ ေပခန္႔အရြယ္အစားရွိ  ဆလင္ဒါပံုသတၲဳအစိတ္ပိုင္းတစ္ခုႏွင့္ အျမင့္ ၈ လက္မ၊ အလ်ား ၁၀ လက္မ၊ အနံ ၇ လက္မခြဲခန္႔ရွိ ဆလင္ဒါပံုသတၲဳအစိတ္ပိုင္းတစ္ခု ေကာင္းကင္ယံမွ ျပဳတ္က်လာခဲ့ေၾကာင္း သိရွိရသည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ ေဒသခံျပည္သူမ်ား ထိခိုက္ဒဏ္ရာရွိမႈမရွိေၾကာင္းႏွင့္ သက္ဆိုင္ရာမွ တာဝန္ရွိသူမ်ားက သြားေရာက္ၾကည့္႐ႈစစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဖားကန့်မြို့နယ်၊ မှော်ပုံကျေးရွာအနီး၌ သတ္တုအစိတ်ပိုင်းများ ကောင်းကင်ယံမှ ပြုတ်ကျ

နေပြည်တော် ၊  စက်တင်ဘာ ၁၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ မှော်ပုံကျေးရွာမှ ဦးအေးကျော်(ဘ)ဦးမောင်ဖြူလှ နေအိမ်နံဘေးရှိ ဇီးဖြူချောင်းအတွင်းသို့ ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် အမြင့် ၁၆ ပေ၊ အောက်ခြေအချင်း ၁၂ ပေ၊ အပေါ်ပိုင်းအချင်း ၇ ပေခန့်အရွယ်အစားရှိ  ဆလင်ဒါပုံသတ္တုအစိတ်ပိုင်းတစ်ခုနှင့် အမြင့် ၈ လက်မ၊ အလျား ၁၀ လက်မ၊ အနံ ၇ လက်မခွဲခန့်ရှိ ဆလင်ဒါပုံသတ္တုအစိတ်ပိုင်းတစ်ခု ကောင်းကင်ယံမှ ပြုတ်ကျလာခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရှိမှုမရှိကြောင်းနှင့် သက်ဆိုင်ရာမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Recent News