ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္း ဆားဘီးယားႏိုင္ငံ Trstenik ၿမိဳ႕၊ Cacak ၿမိဳ႕ႏွင့္ Valijebo ၿမိဳ႕သို႔ ၾကည့္႐ႈ ေလ့လာ

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္း ဆားဘီးယားႏိုင္ငံ Trstenik ၿမိဳ႕၊  Cacak  ၿမိဳ႕ႏွင့္  Valijebo ၿမိဳ႕သို႔ ၾကည့္႐ႈ ေလ့လာ

ေနျပည္ေတာ္၊ စက္တင္ဘာ - ၁၉

ဆားဘီးယားႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနေသာ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းသည္ အဖြဲ႕ဝင္မ်ားလိုက္ပါလ်က္ စက္တင္ဘာ ၁၈ ရက္တြင္ ဆားဘီးယားႏိုင္ငံ၊ Trstenik ၿမိဳ႕၊  Cacak  ၿမိဳ႕ႏွင့္  Valijebo ၿမိဳ႕မ်ားသို႔ သြားေရာက္ၾကည့္႐ႈေလ့လာသည္။

ဦးစြာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းႏွင့္ အဖြဲ႕ဝင္မ်ားသည္ Trstenik ၿမိဳ႕ရွိ PPT  Petoletka စက္႐ံုသို႔ သြားေရာက္ၾကည့္႐ႈ ေလ့လာၾကရာ တာဝန္ရွိသူမ်ားက စက္႐ံုအတြင္း လိုက္လံ ရွင္းလင္းျပသၾကသည္။ ယင္းေနာက္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ၾကသည္။

ထို႔ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ႏွင့္အဖြဲ႕ဝင္မ်ား သည္  Cacak  ၿမိဳ႕ရွိ Sloboda စက္႐ံုႏွင့္ Valijebo ၿမိဳ႕ရွိ Krusik စက္႐ံုမ်ားသို႔ သြားေရာက္ ၾကည့္႐ႈေလ့လာၾကရာ တာဝန္ရွိသူမ်ားက လိုက္လံရွင္းလင္းျပသၾကသည္။ ၎ေနာက္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကသည္။

ယင္းေနာက္ ညေနပိုင္းတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းႏွင့္ဆားဘီးယားႏိုင္ငံလက္ေထာက္ကာကြယ္ ေရးဝန္ႀကီး  Dr. Nenad Miloradovice ႏွင့္ ေတြ႕ဆံုေဆြးေႏြးၿပီး အထိမ္းအမွတ္တံဆိပ္မ်ား အျပန္အလွန္ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဆားဘီးယားနိုင်ငံ Trstenik မြို့၊  Cacak  မြို့နှင့်  Valijebo မြို့သို့ ကြည့်ရှု လေ့လာ

နေပြည်တော်၊ စက်တင်ဘာ - ၁၉

ဆားဘီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသော ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များလိုက်ပါလျက် စက်တင်ဘာ ၁၈ ရက်တွင် ဆားဘီးယားနိုင်ငံ၊ Trstenik မြို့၊  Cacak  မြို့နှင့်  Valijebo မြို့များသို့ သွားရောက်ကြည့်ရှုလေ့လာသည်။

ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် Trstenik မြို့ရှိ PPT  Petoletka စက်ရုံသို့ သွားရောက်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက စက်ရုံအတွင်း လိုက်လံ ရှင်းလင်းပြသကြသည်။ ယင်းနောက် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့်အဖွဲ့ဝင်များ သည်  Cacak  မြို့ရှိ Sloboda စက်ရုံနှင့် Valijebo မြို့ရှိ Krusik စက်ရုံများသို့ သွားရောက် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ၎င်းနောက် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

ယင်းနောက် ညနေပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဆားဘီးယားနိုင်ငံလက်ထောက်ကာကွယ် ရေးဝန်ကြီး  Dr. Nenad Miloradovice နှင့် တွေ့ဆုံဆွေးနွေးပြီး အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News