




(Unicode Version)

နမ့်စန်မြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေသူများကို ကြည့်ရှုအားပေး

နေပြည်တော် စက်တင်ဘာ ၂ဝ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသော  အရာရှိ၊ စစ်သည်၊ မိသားစုများနှင့်   ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေး ကုသ ပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြား ပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင် ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။   

Recent News