ေတာင္ငူၿမိဳ႔နယ္၊ ငါးဖယ္အင္းေက်းရြာရွိ သံဃာေတာ္မ်ား၊ ဆရာ၊ ဆရာမမ်ားႏွင္႔ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အား က်န္းမာေရး ေစာင္႔ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေတာင္ငူၿမိဳ႔နယ္၊ ငါးဖယ္အင္းေက်းရြာရွိ သံဃာေတာ္မ်ား၊ ဆရာ၊ ဆရာမမ်ားႏွင္႔ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အား က်န္းမာေရး ေစာင္႔ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္  စက္တင္ဘာ  ၂ဝ

ပဲခူးတိုင္း ေဒသႀကီး၊ ေတာင္ငူၿမိဳ႕နယ္၊ ငါးဖယ္အင္းေက်းရြာရွိ သံဃာေတာ္မ်ား၊ ဆရာ၊ ဆရာမမ်ား ႏွင့္ ေက်ာင္း သား၊ ေက်ာင္းသူမ်ားအား စက္တင္ဘာ ၁၉ ရက္ နံနက္ပိုင္းတြင္ ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ နယ္လွည့္ ေဆးကုသေရး အဖြဲ႕က အဆိုပါေက်းရြာ အေျခခံပညာ မူလတန္းလြန္ေက်ာင္း၌ က်န္းမာေရး ေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္ရြက္ ေပးသည္။

ထုိသု႔ိ ေဆာင္ရြက္ေပးရာတြင္ ေဆးကုသေရးအဖြဲ႕က  သံဃာေတာ္ သုံးပါး၊ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း ၂၇၂ ဦးတို႔ကို အေရျပားေရာဂါ၊ မ်က္စိေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အ႐ိုး/အေၾကာ ေရာဂါ၊ အေထြေထြေရာဂါတို႔ႏွင့္ ပတ္သက္၍ လိုအပ္သည့္ ေဆးဝါးကုသမႈမ်ား ေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ ေရာက္ ကုသရန္ လုိအပ္သူငါးဦးကို ေတာင္ငူၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသုိ႔ တက္ေရာက္ကုသႏိုင္ေရး စီစဥ္ ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။      

(Unicode Version)

တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာရှိ သံဃာတော်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်  စက်တင်ဘာ  ၂ဝ

ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာရှိ သံဃာတော်များ၊ ဆရာ၊ ဆရာမများ နှင့် ကျောင်း သား၊ ကျောင်းသူများအား စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသု့ိ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က  သံဃာတော် သုံးပါး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၇၂ ဦးတို့ကို အရေပြားရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြော ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက် ကုသရန် လိုအပ်သူငါးဦးကို တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။        

 

Recent News