




(Unicode Version)

မြိတ်မြို့ရှိ သံဃာတော်များ နှင့်ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၂ဝ

တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်မြို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား စက်တင်ဘာ ၁၉ ရက်  နံ နက်ပိုင်းတွင်  ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က သာသနာ့ မာန်အောင် ကျောင်းတိုက်ရှိ    မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေး သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော်သုံးပါးနှင့် ဒေသခံပြည်သူ ၁၁၆ ဦးတို့ကို သွေးတိုး ရောဂါ၊ နှလုံးရောဂါ၊ အရိုး/အကြော ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊  ဆီးချို၊ သွေးချို ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက် ပေးခဲ့ ကြောင်း သတင်း ရရှိသည်။

 

Recent News