ေလျပင္းတုိက္ခတ္မႈ ျဖစ္ေပၚခဲ့သည့္ ေခ်ာက္ၿမိဳ႔နယ္၊ ကန္ေရႀကီးေတာင္ ေက်းရြာ၌ ကူညီကယ္ဆယ္ေရး လုပ္ ငန္းမ်ား ေဆာင္ရြက္

ေလျပင္းတုိက္ခတ္မႈ ျဖစ္ေပၚခဲ့သည့္ ေခ်ာက္ၿမိဳ႔နယ္၊ ကန္ေရႀကီးေတာင္ ေက်းရြာ၌ ကူညီကယ္ဆယ္ေရး လုပ္ ငန္းမ်ား ေဆာင္ရြက္

ေနျပည္ေတာ္ စက္တင္ဘာ ၂ဝ

မေကြးတုိင္းေဒသႀကီး၊ ေခ်ာက္ၿမိဳ႕နယ္ အတြင္း စက္တင္ဘာ ၁၉ ရက္ ေန႔လယ္ ပုိင္းတြင္ ေလျပင္းတုိက္ခတ္မႈ ျဖစ္ေပၚ ခဲ့မႈေၾကာင့္ သံဘုိေက်းရြာ အုပ္စု၊ ကန္ေရႀကီး ေတာင္ေက်းရြာရွိ ေနအိမ္သံုးလံုး ၿပိဳက် ပ်က္စီးျခင္း၊ ေန အိမ္ ၁၇ လံုး သစ္ပင္မ်ား ပိျခင္း၊အမုိးအကာမ်ား ပ်က္စီးျခင္းႏွင့္ ေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္း အုတ္တံတုိင္း မ်ား ၿပိဳက်ပ်က္စီးျခင္းတုိ႔ ျဖစ္ေပၚခဲ့ၿပီး ေဒသခံ ျပည္သူတစ္ဦး    ထိခုိက္ဒဏ္ရာ ရရွိခဲ့ကာ မေကြးၿမိဳ႕ရွိ ျပည္သူ႔ ေဆး႐ံု၌  တက္ေရာက္ေဆးကုသမႈ ခံယူလ်က္ရွိသည္။

အဆုိပါ ေလျပင္းတုိက္ခတ္မႈ ျဖစ္ေပၚခဲ့သည့္ ေက်းရြာသို႔  အလယ္ပုိင္းတုိင္းစစ္ ဌာနခ်ဳပ္မွ နယ္ေျမခံတပ္မေတာ္ သားမ်ား၊ ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ မီးသတ္တပ္ ဖြဲ႕ဝင္မ်ားက သြားေရာက္၍ ေက်းရြာအတြင္းရွိ အပ်က္ အစီးမ်ား ဖယ္ရွား ရွင္းလင္းျခင္း ႏွင့္ လိုအပ္သည့္ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ ေပးခဲ့ေၾကာင္း သတင္း ရရွိသည္။

(Unicode Version)

လေပြင်းတိုက်ခတ်မှု ဖြစ်ပေါ်ခဲ့သည့် ချောက်မြို့နယ်၊ ကန်ရေကြီးတောင် ကျေးရွာ၌ ကူညီကယ်ဆယ်ရေး လုပ် ငန်းများ ဆောင်ရွက်

နေပြည်တော် စက်တင်ဘာ ၂ဝ

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် အတွင်း စက်တင်ဘာ ၁၉ ရက် နေ့လယ် ပိုင်းတွင် လေပြင်းတိုက်ခတ်မှု ဖြစ်ပေါ် ခဲ့မှုကြောင့် သံဘိုကျေးရွာ အုပ်စု၊ ကန်ရေကြီး တောင်ကျေးရွာရှိ နေအိမ်သုံးလုံး ပြိုကျ ပျက်စီးခြင်း၊ နေ အိမ် ၁၇ လုံး သစ်ပင်များ ပိခြင်း၊အမိုးအကာများ ပျက်စီးခြင်းနှင့် ကျေးရွာ ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်း များ ပြိုကျပျက်စီးခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံ ပြည်သူတစ်ဦး    ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ မကွေးမြို့ရှိ ပြည်သူ့ ဆေးရုံ၌  တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှု ဖြစ်ပေါ်ခဲ့သည့် ကျေးရွာသို့  အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်မှ နယ်မြေခံတပ်မတော် သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ် ဖွဲ့ဝင်များက သွားရောက်၍ ကျေးရွာအတွင်းရှိ အပျက် အစီးများ ဖယ်ရှား ရှင်းလင်းခြင်း နှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News