




(Unicode Version)

ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူနေသူများကို ကြည့်ရှုအားပေး

နေပြည်တော်  စက်တင်ဘာ  ၂ဝ

တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေ့ နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားသည်။

ဦးစွာ တိုင်းမှူးက တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှု အခြေ အနေများကို ရင်းရင်းနှီးနှီး မေးမြန်း အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့ နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည်  ဆေးရုံအတွင်း လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Recent News