ေလျပင္းတိုက္ခတ္မႈ ျဖစ္ေပၚခဲ့သည့္ သနပ္ပင္ၿမိဳ႔နယ္၊ စက္ကုန္းေက်းရြာ၌ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္၊ တံတား ပ်က္စီးမႈေၾကာင့္ အခက္အခဲ ျဖစ္ေပၚေနေသာ ေဒသခံ ျပည္သူမ်ားအား ဖိုက္ဘာ စက္ေလွမ်ားျဖင့္ ဆက္လက္ ပို့ေဆာင္

ေလျပင္းတိုက္ခတ္မႈ ျဖစ္ေပၚခဲ့သည့္ သနပ္ပင္ၿမိဳ႔နယ္၊ စက္ကုန္းေက်းရြာ၌ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ား ေဆာင္ရြက္၊ တံတား ပ်က္စီးမႈေၾကာင့္ အခက္အခဲ ျဖစ္ေပၚေနေသာ ေဒသခံ ျပည္သူမ်ားအား ဖိုက္ဘာ စက္ေလွမ်ားျဖင့္ ဆက္လက္ ပို့ေဆာင္

ေနျပည္ေတာ္  စက္တင္ဘာ  ၂ဝ

ပဲခူးတုိင္း ေဒသႀကီး၊ သနပ္ပင္ၿမိဳ႕နယ္ အတြင္း ယေန႔ နံနက္ပိုင္းတြင္ ေလျပင္းတုိက္ခတ္မႈ ျဖစ္ေပၚခဲ့ၿပီး သနပ္ပင္ၿမိဳ႕နယ္၊ စက္ကုန္း ရပ္ကြက္ရွိ ေနအိမ္ ၁၅ လံုး ၿပိဳက်ပ်က္စီးျခင္း၊ အေျခခံပညာ အထက္တန္း ေက်ာင္း ႏွင့္ ေနအိမ္ ၈ဝ လံုး အမိုးလန္ျခင္းမ်ား ျဖစ္ေပၚခဲ့ရာ ေတာင္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊ ပဲခူးတပ္နယ္မွ တပ္ မေတာ္ သားမ်ားက သြားေရာက္၍ ပ်က္စီးသြားေသာ စာသင္ ေက်ာင္းႏွင့္ ေနအိမ္မ်ားရွိ ေဒသခံျပည္သူ မ်ားႏွင့္ ပစၥည္းမ်ားအား  နီးစပ္ရာ ေဆြမ်ဳိးမ်ားထံသုိ႔ ကူညီေျပာင္းေရႊ႕ေပးျခင္း၊ အပ်က္အစီးမ်ား ဖယ္ရွားရွင္းလင္းျခင္း ႏွင့္ လဲက်ခဲ့သည့္ သစ္ပင္ သစ္ကိုင္းမ်ား ခုတ္ထြင္ ရွင္းလင္းျခင္းမ်ား ေဆာင္ရြက္ ေပးသည္။

ထုိ႔ျပင္ အုတ္တြင္း တပ္နယ္မွ တပ္မေတာ္သားမ်ားက ျဖဴးၿမိဳ႕နယ္၊ ဝဲႀကီးေက်းရြာ အုပ္စု၊ ဝဲႀကီးေတာင္ရြာႏွင့္ ဝဲႀကီးေျမာက္ ရြာၾကားရွိ ျဖဴးေခ်ာင္းတံတား ပ်က္စီးမႈေၾကာင့္ သြားလာေရး အခက္အခဲျဖစ္ေပၚေနေသာ ဆရာ၊ ဆရာမ ၂၇ ဦး၊ ေက်ာင္းသား၊ ေက်ာင္းသူ၁၅၅ ဦးႏွင့္ ေဒသခံျပည္သူ ၇၃၅ ဦးတုိ႔ကုိ တပ္မေတာ္မွ   ဖိုက္ဘာ စက္ေလွျဖင့္ သယ္ယူပုိ႔ေဆာင္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

လေပြင်းတိုက်ခတ်မှု ဖြစ်ပေါ်ခဲ့သည့် သနပ်ပင်မြို့နယ်၊ စက်ကုန်းကျေးရွာ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်၊ တံတား ပျက်စီးမှုကြောင့် အခက်အခဲ ဖြစ်ပေါ်နေသော ဒေသခံ ပြည်သူများအား ဖိုက်ဘာ စက်လှေများဖြင့် ဆက်လက် ပို့ဆောင်

နေပြည်တော်  စက်တင်ဘာ  ၂ဝ

ပဲခူးတိုင်း ဒေသကြီး၊ သနပ်ပင်မြို့နယ် အတွင်း ယနေ့ နံနက်ပိုင်းတွင် လေပြင်းတိုက်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး သနပ်ပင်မြို့နယ်၊ စက်ကုန်း ရပ်ကွက်ရှိ နေအိမ် ၁၅ လုံး ပြိုကျပျက်စီးခြင်း၊ အခြေခံပညာ အထက်တန်း ကျောင်း နှင့် နေအိမ် ၈ဝ လုံး အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့ရာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပဲခူးတပ်နယ်မှ တပ် မတော် သားများက သွားရောက်၍ ပျက်စီးသွားသော စာသင် ကျောင်းနှင့် နေအိမ်များရှိ ဒေသခံပြည်သူ များနှင့် ပစ္စည်းများအား  နီးစပ်ရာ ဆွေမျိုးများထံသို့ ကူညီပြောင်းရွှေ့ပေးခြင်း၊ အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်း နှင့် လဲကျခဲ့သည့် သစ်ပင် သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းများ ဆောင်ရွက် ပေးသည်။

ထို့ပြင် အုတ်တွင်း တပ်နယ်မှ တပ်မတော်သားများက ဖြူးမြို့နယ်၊ ဝဲကြီးကျေးရွာ အုပ်စု၊ ဝဲကြီးတောင်ရွာနှင့် ဝဲကြီးမြောက် ရွာကြားရှိ ဖြူးချောင်းတံတား ပျက်စီးမှုကြောင့် သွားလာရေး အခက်အခဲဖြစ်ပေါ်နေသော ဆရာ၊ ဆရာမ ၂၇ ဦး၊ ကျောင်းသား၊ ကျောင်းသူ၁၅၅ ဦးနှင့် ဒေသခံပြည်သူ ၇၃၅ ဦးတို့ကို တပ်မတော်မှ   ဖိုက်ဘာ စက်လှေဖြင့် သယ်ယူပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News