ပုသိမ္ၿမိဳ႔ရွိ နယ္ေျမခံ ေဆးတပ္ရင္း၌ တက္ေရာက္ကုသမႈ ခံယူေနသူမ်ားကို ၾကည့္႐ႈ အားေပး

ပုသိမ္ၿမိဳ႔ရွိ နယ္ေျမခံ ေဆးတပ္ရင္း၌ တက္ေရာက္ကုသမႈ ခံယူေနသူမ်ားကို ၾကည့္႐ႈ အားေပး

ေနျပည္ေတာ္ စက္တင္ဘာ ၂ဝ

ဧရာဝတီတုိင္း ေဒသႀကီး၊  ပုသိမ္ၿမိဳ႕ရွိနယ္ ေျမခံေဆးတပ္ရင္း၌   တက္ေရာက္ ကုသမႈ ခံယူလ်က္ရွိေသာ အရာ ရွိ၊ စစ္သည္၊ မိသားစုမ်ားႏွင့္  ေဒသခံျပည္သူ မ်ားအား ယေန႔နံနက္ပုိင္းတြင္ အေနာက္ေတာင္တုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္ ရဲဝင္းဦးႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ ၾကည့္႐ႈအားေပး စကားေျပာၾကားသည္။

ဦးစြာ တုိင္းမွဴးက တစ္ဦးခ်င္း၏ ေရာဂါ ျဖစ္ပြားမႈမ်ား၊   ေဆးကုသ ေပးထားမႈႏွင့္ က်န္းမာေရး တုိးတက္မႈ အေျခ အေနမ်ားကို ရင္းရင္းႏွီးႏွီး ေမးျမန္းအားေပးစကား ေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။

ထို႔ေနာက္  တုိင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္ ေဆး႐ံုအတြင္း လုိက္လံၾကည့္႐ႈ၍ လိုအပ္သည္မ်ား ညိႇႏိႈင္း ေဆာင္ ရြက္ ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ပုသိမ်မြို့ရှိ နယ်မြေခံ ဆေးတပ်ရင်း၌ တက်ရောက်ကုသမှု ခံယူနေသူများကို ကြည့်ရှု အားပေး

နေပြည်တော် စက်တင်ဘာ ၂ဝ

ဧရာဝတီတိုင်း ဒေသကြီး၊  ပုသိမ်မြို့ရှိနယ် မြေခံဆေးတပ်ရင်း၌   တက်ရောက် ကုသမှု ခံယူလျက်ရှိသော အရာ ရှိ၊ စစ်သည်၊ မိသားစုများနှင့်  ဒေသခံပြည်သူ များအား ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ရဲဝင်းဦးနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေး စကားပြောကြားသည်။

ဦးစွာ တိုင်းမှူးက တစ်ဦးချင်း၏ ရောဂါ ဖြစ်ပွားမှုများ၊   ဆေးကုသ ပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှု အခြေ အနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက်  တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင် ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News